ကိုကို ရဲ့ ငယ်
အပိုင်း ၈
ညနေ ဂိုက်တန်းရောက်ကာ ငယ့်ကို တွေ့တော့ ကျွန်တော့်ရဲ့ ရင်ခုန်သံတွေ အတိုင်းအဆ မရှိခုန်လို့လာခဲ့သည်။ ဒီနေ့က ကျွန်တော်တို့ နှစ်ယောင်ရဲ့ ပထမဦးဆုံးချစ်သူဖြစ်တဲ့နေ့ဆိုတော့ ဟဲဟဲဟဲ😁😁😁 ဘယ်လိုပြောရမလည်းမသိဘူးပေါ့နော် ရင်ထဲမှာကျလိ ကျလိ
နဲ့.. နောက်တော့ ဆရာက တွက်စာ တွက်ခိုင်းတာကြောင့် ငယ့်
ရှေ့မှာထိုင်လိုက်သည်။ သချ်ာတွက်နေရင်း ဖူးဖူးက"မမ အေးချမ်း"
"ဟငိ"
"ဒီ အပတ် တနဂ်နွေ အားလားဟင်"
"အားပါတယ် ဘာလို့လည်း"
"မိယွန်း နဲ့ ဒိတ်ရအောင်လို့လေ
"ဟာ 😳😳😳"
ဖူးဖူး စကားကြောင့် မျက်နှာတွေလည်း ရဲတက်လာတော့သည်။ ငယ့်ကို ကြည့်လိုက်တော့လည်း သူလည်းပဲ ကျွန်တော့်နည်းတူ မျက်နှာလေးက ပန်းရောင်သန်းနေသည်။
"ဟို..ယွန်းကော ဘယ်လိုသဘောရလည်း"
ဖူးဖူးတို့ ရှိနေတာကြောင့် ငယ်လို့တော့ မခေါ်ရဲပါ ။ တော်ကြာလိုက်စနေမှဖြင့် သူတို့က အစကတည်းကလွယ်တာမဟုတ်ဘူးရယ်
"ဟို..တနဂ်နွေ နေ့အားတယ်ဆိုရင် သွားမယ်လေ "
"အင်း အာ့ဆို တနဂ်နွေနေ့ကျရင် ဘယ်နားက စောင့်နေရမလည်း"
"###အဲ့ နေရာက နေ စောင့်နေလိုက် မမအေးချမ်း
ဖူးဖူးတို့ မိယွန်းကို ခေါ်ပြီးလာခဲ့လိုက်မယ်""ဒါနဲ့ နင်တို့ကော လိုက်မှာလားဟင်"
"ဟဲဟဲ ချစ်သူနှစ်ယောက်ကြားတော့ ဖူးဖူး တို့ဝင်မရှုပ်ပါဘူး
ဝဠ်လည်မှာကြောက်လို့ ကိုယ့်ဟာကို သွားကြပါ"ထိုစကားကိုတော့ ဖူးဖူးက ကျွန်တော့်နား နား ကပ်ပြီး တိုးတိုးလေးလာပြောသည်။ အကျယ်ကြီးပြောလို့ကလည်း မရဘူးလေ ။ အနောက်မှာ ရွှေရည်ဝင်းနဲ့ လဲ့လဲ့မော် ရှိနေတယ်လေ တစ်ခုတော့
ကောင်းပါတယ် သူတို့နှစ်ယောက်က စာတွက်ပြီဆိုရင် သူတို့ ဟာ
သူတို့ နှစ်ကောင်သား တိုင်ပင်ပြီးတွက်ကြသည်။ မရတဲ့ ဟာမှသာလာမေးကြတယ်။ ဒါကြောင့် အရှေ့မှာပြောနေတဲ့ စကားတွေကို
သူတို့တွေက ကြားချင်မှကြားတာရယ်။ တစ်ခါတစ်လေ ကိုယ်ခေါ်တာတောင်မကြားလို့ မနည်း ခေါ်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ပြောနေတဲ့စကားတွေ ကို တိုးတိုး နဲ့ သုံးယောက်သား ကြားသာလေးပဲပြောရသည်။
YOU ARE READING
ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw
Romancegudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း