ကိုကို ရဲ့ ငယ်
အပိုင်း ၂၀
📞📞📞📞📞
ဖုန်းလာတဲ့ အသံကြောင့် contact ကိုကြည့်လိုက်တော့ ငယ်..
ကျွန်တော်ခဏတော့ ကြောင်းွားသည်။ ဘာလို့လည်းဆိုတော့
ညနေကမှ သူ့ကို ဖုန်းမဆက်ပါနဲ့ ဆိုပြီး စိတ်ဆိုးသွားတာမလား..
မေ့ပြီးတော့များ ခေါ်မိတာလား..မသိပါဘူးလေ..တော်ကြာ ဖုန်းကိုင်တာကြာတယ်ဆိုပြီး ရစ်နေအုန်းမှ..မြန်မြန်ကိုင်မှပါလေ..*ဟဲလို *
*ကိုကို.. ဟင့်..ဟင်..အီး..ဟီး..ဟီးး.ဟင့်*
ဖုန်းထဲက ငယ့်ရဲ့ ငိုနေတဲ့ အသံကြောင့် ကျွန်တော့်မှာ သေ ွးတွေဆောင့်တက်သွားပြီး လူတောင် ပြာယာတွေ ခတ်သွားလေသည်။
*ငယ် ဘာဖြစ်တာလည်း..တစ်ယောက်ယောက်..ဆူလို့လား..
ဘာစိတ်ညစ်စရာရှိလို့လည်းဟင်..ကိုကို့ ကို မြန်မြန်ပြောပြပါ..
ဒီမှာ ကိုကို ရင်တွေပူနေပြီ**ကိုကို..ဟင့်..မားမားတို့က လေ..ဟင့်..ကိုကိုနဲ့အကြောင်းတွေကို..သိသွားပြီ*
*ဟင်*
ငယ့်ဆီက ကြားလိုက်ရသည့် စကား ကြောင့်
နွေလယ်ခေါင်မှာ မိုးကြိုးပစ်ချခံလိုက်ရသလိုပင်..ခြေဖျားလက်ဖျားတွေလည်း အေးစက်သွားပြီး ပြောစရာ စကားများပင်
ပျောက်ရှသွားရတော့သည်။ အစကတော့ ငယ့်ကို နှစ်သိမ့်ပေးမယ်ဆိုပြီး စီစဥ်ထားတဲ့စကားတွေလည်း လည်ချောင်းဝမှာတင်ပြောက်ရှကုန်ပြီ။ တစ်ဆက်တည်း ငယ်နဲ့ ဝေးရမှာလားဆိုတဲ့ အတွေးက ချက်ချင်းဝင်ရောက်လာခဲ့သည်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ ကိစ္စ
တွေကို ငယ့်မိဘတွေ သိသွားပြီး ကျွန်တော့်ဆီ ငိုပြီး
ဖုန်းဆက် ခေါ်လာတဲ့ ငယ့်ကြောင့် ငယ့်မိဘတွေအနေနဲ့ ကျွန်တော့်တို့ကို သဘောမတူနိူင် ဘူးဆိုတာကတော့ ကျွန်တော်ရိပ်မိပါတယ်။*ကိုကို ငယ်တို့ ဘယ်လိုလုပ်ကြမလည်းဟင်...*
ကိုယ့်ဟာကိုယ် အတွေးလွန်နေခိုက် ဖုန်းထဲက ငယ့်အမေးကြောင့်
ပြန်လည်သတိဝင်လာလေသည်။ ငယ်ရဲ့ အားကိုးတကြီးနဲ့
မေးလာတဲ့ မေးခွန်းကို ကျွန်တော်အနေနဲ့လည်း ဘယ်လို ဖြေရှင်း
ရမလည်းဆိုတာ မသိသေး..ဦးနှောက်ထဲမှာလည်း အရာအားလုံးဟာ ဗလာနိတ္တိ..
![](https://img.wattpad.com/cover/272843517-288-k141725.jpg)
YOU ARE READING
ကိုကို့ ရဲ့ ငယ် ♥ Uni+Zaw
Romancegudie ဆရာမ tomboy လေးနဲ့ ကျောင်းသူလေး တို့ရဲ့ အချစ်ဇာတ်လမ်း