Part 18 Uni+Zaw

2.7K 196 10
                                    

ကိုကို့ ရဲ့ ငယ်

အပိုင်း ၁၈

ဒီနေ့ စနေနေ့ ဖြစ်တာကြောင့် ကွန်ပျူတာ သင်တန်းသွားရအုန်မးမည။ သင်တန်းချိန်က မနက် ၉နာရီ ဖြစ်တာကြောင့် ယွန်း ရှစ်နာရီလောက်ကတည်းက ကြိုတင်ပြင်ဆင်ထားရသည်။ သင်တန်းက
ဖူးပွင့်ကော ကြွေရုပ်ကော အတူတူ တက်တာကြောင့် မနက်ဆို ဖူးပွင့်တို့က လာခေါ်နေကြ။ပြီးတော့ ပါးပါးတို့က ယွန်း သွားဖို့လာဖို့ အတွက် စကိုဖီးလေးတစ်စီးဝယ်ပေးထားတာကြောင့် အိမ်က လိုက်မပို့ရ။

ဆိုင်ကယ်ဝယ်ပေးထားပေမယ့် အပြင်ကို ထွက်ချင်တိုင်း ထွက်လို့မရ။ သင်တန်းချိန်ရယ် တစ်ခါတစ်လေ ဖူးပွင့်တို့က အပြင် သွားဖို့
လာခေါ်တဲ့အခါတို့ အဲ့ကျမှသာ ဆိုင်ကယ်နဲ့ ပြင်သွားရလေသည်။
ကျန်တဲ့အချိန်တွေဆို အိမ်ထဲ က အိမ်ပြင်မထွက်ရပေ။

ဖူးဖူးတို့နဲ့ အတူ သင်တန်းရောက်တော့ သင်တန်းထဲ ဝင်ခါးနီး
အနောက်က ခေါ်သံကြောင့် လှည့်ကြည့်ရာ ကိုကိုပင်...
ယွန်း ကိုကို ကို တွေ့တော့ မျက်စောင်းသာထိုးလိုက်မိသည်။
ပေါ်တော့လာသေး.. ဒီရက်ပိုင်း ကိုကို့ ကို ယွန်းလုံးဝမကြည်..

အိမ်က ဂိုက်မလုပ်ခိုင်းလို့သာ ဂိုက်မလုပ်ခြင်း ဖြစ်သည်။
မဟုတ်လို့ကတော့ ဂိုက်လုပ်ပြီးသား..ဘာလို့လည်းဆိုတော့ ယွန်း
ကိုကို့ ကို လုံးဝ စိတ်မချ..အခုတောင် ရွှေရည် ပြောပြထားတာကြောင့် ကျောင်းက ကောင်မလေးတွေ ကိုကို့ နားကို ကပ်မှန်း
မကပ်မှန်းသိရသည်။

ပြီးတော့ ဒီနှစ်ကောင်မလေးတွေ ေချာတယ်ဆိုပဲ ယွန်းလောက်တော့မချောပေမယ့် ယွန်းနီးပါးလောက်တော့ ချောပါတယ်လေ🙄🙄 အဲ့ထဲက အတန်းထဲက ေတာ်တော်လေး ချောတဲ့ ကောင်မလေးက ကိုကို့ ကို အီနေမှန်း ရွှေရည်ပြောပြတူန်းကဆို
လူမှာ အသားတွေ တဆက်ဆက်တုန်ပြီး ဒေါသထွက်လွန်းလို့
ကိုကို့ ကို တွေ့တိုင်း တောင် ရိုက်နေတာ..ပြီးတော့ သူ့ကို အဲ့ကောင်မလေးနဲ့ကော အတန်းထဲက ချောတဲ့ ကောင်မလေးမှန်သမျှကို ကိုကို့ ကို ဝေးဝေးရှောင်ခိုင်းထားတာလေ..ဒီလောက်ယွန်းသတိပေးထားတာ ကို ယွန်းပြောတာကို နားမထောင်.. တစ်ခါတစ်လေ သွားသွားပြီး ရောနေတယ်ဆိုတာ ယွန်းသိသည်...

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now