Part 28 Uni +Zaw

2.8K 236 26
                                    

ကိုကို့ရဲ့ငယ်

အပိုင်း ၂၈

"Ceo ဒီတစ်ခု လက်မှတ်ထိုးပြီးရင် ပြီးပါပြီ"

"အင်း ညနေကျရင် စက်ရုံဘက်က စာရင်းဖိုင်နဲ့ ဒီလအတွက်
ထုတ်ကုန် ဒီဇိုင်းကို တင်ပြဖို့ သက်ဆိုင်ရာ ဌာနတွေကို  ပြောလိုက်ပါ အခုတော့ မင်းလည်း နားလိုက်အုန်း"

"ဟုတ်ကဲ့ "

အတွင်းရေးမှူးမလေးထွက်သွားပြီးတဲ့နောက် ယွန်းတစ်ယောက် ခါးကိုဆန့်လိုက်ပြီး အကြောလျော့လိုက်တော့မှ အညောင်းအညာပြေသွားတော့သည်။ မနက်ကတည်းက တောက်လျှောက်မနားဘဲ လက်မှတ်ထိုးပွဲကျင်းပနေသကဲ့သို့ ယွန်း စားပွဲပေါ်မှာ လက်မှတ်ထိုးရမယ့်ဖိုင်တွေ အထပ်လိုက်ရောက်နေတာကြောင့် လက်မှတ်ထိုးလိုက် စာရင်းစစ်လိုက်လုပ်နေရတာနဲ့ပင် နေ့လည်တောင် ရောက်သွားခြင်းဖြစ်သည်။

နေ့လည်စာစားဖို့ အပြင်ထွက်မလို့ရှိသေး တံခါးခေါက်သံကြောင့်
အလုပ်ကိစ္စမှတ်လို့ ဝင်လာခိုင်းလိုက်တော့ တစ်ခြားသူမဟုတ်
မင်းထက်မြတ်ပင်...

"ကိုထက်မြတ် ဘာကိစ္စရှိလို့လည်း"

"တခြားကိစ္စကြောင့်လာတာမဟုတ်ဘူးမေရဲ့ မေနေ့လည်စာမစားရသေးဘူးဆိုပြီး အန်တီက ဖုန်းဆက်လို့လေ အဲ့တာကြောင့် ကိုယ်နဲ့အတူတူ နေ့လည်စာစားဖို့လာခေါ်တာ"

"မဟုတ်တာ..အားနာစရာကြီး ကိုထက်မြတ်ရယ် နေ့လည်စာစားဖို့တကူးတက ကြီး လာခေါ်ရတယ်လို့ ယွန်းက မဟုတ်လည်း ဒီတိုင်း
တစ်ယောက်တည်း စားနေကျရယ်"

"တကူးတကမဟူတ်ပါးဘူး မေရယ် ကိုယ်လည်း မေနဲ့အတူတူ နေ့လည်စာစားချင်လို့လည်း ပါပါတယ် ဒါနဲ့ မေ ခါတိုင်း ဘယ်မှာစားနေကြလည်း "

"ဒီနားက စားသောက်ဆိုင်တစ်ခုခုမှာပဲ စားဖြစ်တယ် ဟိုလို ဘယ်ဆိုင်မှာရယ်လို့ အတည်တကျတော့မရှိပါဘူး  "

"ဒါဆို ကိုယ် စားသောက်ဆိုင်ကောင်းကောင်းတစ်ခု တွေ့ထားတယ် French style လေ မေ Europe အစားအစာ စားတယ်မလား "

"ဟူတ် ရတယ် ကိုထက်မြတ်ပြောတဲ့ဆိုင်ပဲသွားရအောင်လေ"

"ဒါဆို ကိုယ့်ကားနဲ့ပဲ သွားမယ်လေ အဆင်ပြေတယ်မလား "

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawWhere stories live. Discover now