Part 12 Uni+Zaw

2.9K 220 9
                                    

ကိုကို့ ရဲ့ငယ်

အပိုင်း၁၂

သီတင်းကျွတ်ကျောင်းပိတ်ရက်ပြီးတော့ ပထမနှစ်ဝက် result
က ထွက်လို့လာခဲ့ချေပြီ။ ယွန်း မှန်းထားတဲ့အတိုင်းပဲ ခြောက်ဘာသာလုံး ဂုဏ်ထူးထွက်ပြီး အဆင့် ၁ ရခဲ့လေသည်။ ဒါပေမယ့်
စိတ်ချလို့ကမရသေး။ အခုမှ ပထမနှစ်ဝက်ပဲရှိသေးတာမလား
နောက်ဆုံး စာမေးပွဲ အစိုးရစစ်မှာခြောက်ဘာသာထွက် မှသာ
စိတ်ချနိုင်မှာလေ..နောက်ပြီး ကျောင်းစစ်ဆိုတော့ အစိုးရစစ်နဲ့တော့
ကွာတာပေါ့..ဘာပဲဖြစ်ဖြစ် ယွန်း အဆင့် ၁ ရတော့
ကိုကို လည်း ယွန်းနည်းတူ အရမ်းပျော်နေတာကို မြင်ရတော့
ကြည်နူးရလေသည်...

အခုနောက်ပိုင်း ကျောင်းက စာတွေနဲ့ နပန်းလုံးနေရတာကြောင့်
ကိုကို နဲ့တောင် စကားရေရေရာရာ မပြောနိုင်။ လွမ်းရင်
ဖုန်းထဲက Anniversary တုန်းက ကိုကိုနဲ့ အတူတူ ရိုက်ထားတဲ့ ပုံလေးတွေကို သာ ကြည့်ရင်း အလွမ်းဖြေနေရလေသည်။ အချိန်တွေကုန်လာလေ နှစ်ဆုံးစာမေးပွဲက လည်းနီးလာ ေလဆိုတော့
အရင်တုန်းကလောက် ဖုန်းကိုင်လို့မရ။ စနေ တနဂ်နွေ တောင်
ပါးပါးတို့က တစ်ခါတစ်လေမှဘဲ ပေးကိုင်တာကြောင့်
ကိုကိုနဲ့ ဖုန်းသိပ်မပြောရ။

ဒုတိယ နှစ်ဝက်က မကြာခင်မှာဖြေရတော့မှာကြောင့် ယွန်းတို့ကို
စနေ တနဂ်နွေမှာပါ ဂိုက်တန်းခေါ်လေသည်။ ဒီ ဒုတိယ နှစ်ဝက်စာ
ေမးပွဲ ဖြေရမှာတစ်ခုတော့ကောင်းလေသည်။ ဘာလို့လည်းဆိုတော့ စာမေးပွဲပြီးရင် ကျောင်းသားတွေကို ခရီးထွက်ပေးမှာဖြစ်တာကြောင့်ပင်။ ဆရာတို့ပြောတာတော့ တောင်ကြီးဘက်ကို နှစ်ညအိပ် သုံးည ခရီးလို့တော့ ကြားရသည်။

ဒီနေ့ ငယ်တို့ ဒုတိယနှစ်ဝက်ဖြေရမယ့်နေ့ပင်။ ပထမနှစ်ဝက်မှာ
အမှတ်ကောင်းတာကြောင့် ဒုတိယနှစ်ဝက်မှာလည်း အမှတ်ကောင်းအောင် ကြိုးးစားပြီး ဖြေရမည်ဖြစ်သည်။ ပထမနှစ်ဝက် ဖြေတုန်းကထက် အမှတ်နည်းရင် သေချာပေါက် ဆရာမတို့က ဆူမှာ ပင်။
ဒါကြောင့် အခုတလော ငယ်နဲ့ တွေ့တိုင်း ချစ်ကြည်နူးလို့မရ။

ကျွန်တော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကြောင့် ငယ့်ရဲ့ ပညာရေးကို အထိအခိုက် မဖြစ်စေချင်တာ ကျွန်တော့်ရဲ့ ဆန္ဒတစ်ခု။ တစ်ခါတစ်လေ နှစ်ယောက်သား ဖုန်းပြောကြရင်တောင် အရင်တုန်းကလောက် အကြာကြီးမပြောတော့။ ကျွန်တော့်က အရင် ချပစ်ဖို့ ပြောတာချည်း။ ဒါကို ငယ်က သူ့ကို စိတ်ကုန်နေပြီလားဆိုပြီး
စိတ်ကောက်လေသည်။ ဒီကလူက သူ့ ပညာရေး ထိခိုက်မှာစိုးလို့
လုပ်တာကို သူက တစ်လွဲတွေးသွားတာလေ။ အဲ့တုန်းကဆို ကျွန်တော့်မှာတော်တော်လေး ချော့ရတာ။ နောက်ပြီး ငယ့်ကို နားဝင်အောင်မနည်းပြောပြထားရတာ။ ဒါကို မိရွှေချော က စိတ်ကောက်လို့မဆုံး။ နောက်ဆုံး စိတ်ကောက်လို့ မပြီးတဲ့ ကလေးပေါက်စကို
အိမ်သာထဲခေါ်သွားပြီး အနမ်းတွေ တရစပ်ပေးလိုက်တော့မှ
စိတ်ကောက်ပြေသွားတော့တယ်။

ကိုကို့ ရဲ့ ငယ် ♥ Uni+ZawTempat cerita menjadi hidup. Temukan sekarang