☁️ 1

1.3K 63 10
                                    

အပြင်မှာမိုး​တွေတ​ဖျောက်​ဖျောက်ကျ​လို့ ရာသီဥတုကအုံ့မှိုင်းမှိုင်းဖြစ်​နေ​​လေရဲ့ မိုးက​တော့ ခုနက​ဒေါသတကြီးတအုန်းအုန်းရွာခဲ့သည်မှာ သူမဟုတ်တဲ့အတိုင်း......

ပတ်ဂျီမင်း တစ်​ယောက် မိုး​အေး​အေးနဲ့ ​ဖုန်းသုံး​နေရာက နေမထိထိုင်မထိနဲ့ ဘာလုပ်ချင်လို့လုပ်ချင်မှန်းမသိဖြစ်လာတာမို့ ​​​နောက်ဆုံး​တော့ သူ့ရဲ့ရွှေရောင်ဆံပင်​တွေကြားလက်ထိုးဖွပြီး နှုတ်ခမ်းဆူကာ သူကုတင်​ပေါ်က​နေ ဆင်းလိုက်သည်

စိတ်အလိုမကျရင် နှုတ်ခမ်းဆူပြီး ဆံပင်ဖွတာက သူ့အကျင့်ပါပဲ
​အခန်းတံခါးဖွင့်ကာ မီးဖိုခန်းထဲသို့တလှုပ်လှုပ်နှင့်ဝင်သွားလိုက်​ပြီး ​မြောက်မြားလှစွာ​သော​ကော်ဖီခွက်​တွေထဲက အဝါနဲ့အစိမ်းစပ်ထားတဲ့​ကော်ဖီခွက်​လေးဆီလက်ကလှမ်းမိ​လေသည်

ခွက်ကိုင်း​လေးက ဘဲပုံ​လေးနဲ့ ဘဲနှုတ်ခမ်း​လေးက သူနဲ့တူလို့ဆိုပြီး သူငယ်ချင်း ထယ်​ယောင်း​မွေး​နေ့လက်​ဆောင်​ပေးထားတဲ့ခွက်​လေး သူတချက်ပြုံးပြီး နှပ်ထားတဲ့​ကော်ဖီအိုးထဲက​ကော်ဖီကိုထည့်လိုက်​တော့ ​ကော်ဖီနံ့​သင်းသင်း​လေးက ​မွှေးပျံ့လာကာ စိတ်​တွေအနည်းငယ်ကြည်သွားသည်

"​ကော်ဖီက ကမ္ဘာ​ပေါ်မှာငါ့အတွက်အ​ကောင်းဆုံးအ​ဖော်ပဲ ဟဟ"
တစ်​ယောက်တည်းသ​ဘောကျပြီးပွစိပွစိနဲ့ရွတ်​ကာ အခန်းထဲသို့​ကော်ဖီခွက်ကိုင်ပြီးဝင်ရန်ပြင်လိုက်သည် သို့​သော် ​ဘေးအခန်းဆီသို့မျက်စိအ​ရောက်....... သူ့အခန်းတံခါးဖွင့်မယ့်လက်​တွေတွန့်သွားပြီး တစ်ဖက်အခန်းထဲရှိထိုလူဘာလုပ်​နေမ​လဲသွားကြည့်ချင်စိတ်​ပေါ်လာတာမို့ ​ခြေလှမ်း​တွေထိုအခန်းဆီသို့သာ ဦးတည်လိုက်​တော့သည်

တံခါးကိုခေါက်လိုက်ရင်း "ကင်နမ်ဂျွန်း ခင်ဗျားရှိ​နေလား" ......

"ကိုယ်ရှိတယ် ဂျီမင်း ဘာဖြစ်လို့လဲ တစ်ခုခုစားချင်လို့လား ကိုယ်ဘာသွားဝယ်​ပေးရမလဲ ဘာလုပ်​ပေးရမလဲ" တရစပ်စကား​တွေနဲ့အတူ ပါးချိုင့်နစ်ဝင်​အောင်ရီပြုံးပြီးထွက်လာတဲ့ ထိုလူသား....

အဟက် ပတ်ဂျီမင်းတို့ ပါးစပ်ဟလိုက်တာနဲ့ ဘာလုပ်​ပေးရမလဲ ပြာ​နေတတ်တဲ့ ကျုပ်ကိုချစ်လှပါ​​ချေရဲ့ဆိုတဲ့ ကင်နမ်ဂျွန်းဆိုတဲ့လူ​ပေါ့

​ကောင်းကင်​​ခြွေတဲ့......ကြိုးWhere stories live. Discover now