💙Unicode💙
အချစ်ဆိုတာ ပိုင်ဆိုင်ရမှ ချစ်တာမဟုတ်ဖူးတဲ့ အဖေကပြောတယ်
သားသူ့ကိုချစ်နေရရုံလေးနဲ့ကျေနပ်ပေးလို့ မရဖူးလား သားရယ်တဲ့
သားရောသူရောပင်ပန်းနေရတာ အဖေမကြည့်ရက်ဖူးတဲ့အဖေမသိပါဖူး သားသိပ်မြတ်နိုးတဲ့
သူ့နှုတ်ခမ်းဖူးဖူးလေးတွေကို ငေးနေရရုံနဲ့သားကျေနပ်တာ
သူ့အပြုံးလေးတွေမြင်နေရရုံနဲ့ လည်နေတဲ့နာရီလက်တံတွေကို
ရပ်ပစ်ပြီး အပြုံးလေးကိုပဲ ဆက်ရှိစေချင်တာ
ကိုယ်မြတ်နိုးရတဲ့သူကို မျက်စိရှေ့အောက်ရှိစေချင်ရုံလေးပါ
သား လောဘတွေသိပ်ကြီးသွားခဲ့တာလား.....
သား တကယ်လက်လွှတ်ရမှာလား......
ဟင့်အင်း မြတ်နိုးရတဲ့ကမ္ဘာငယ်လေးကို တနေ့မမြင်ရရင်တောင်မနေနိုင်တာမို့ ဝေးရမယ့်အကြောင်းတွေမပြောပါနဲ့လား
ရူးသွားနိုင်တာမို့ ပတ်ဂျီမင်းဆိုတဲ့ ကမ္ဘာငယ်လေးသာမရှိရင်
ကင်နမ်ဂျွန်းရဲ့ ကမ္ဘာကြီးပျက်ဆီးကြေမွသွားမှာမို့.......ဒါပေမယ့် သူသဘောတူခဲ့တယ် စာမေးပွဲမပြီးမချင်း ဂျီမင်းဆီမသွားပါဖူးဆိုတဲ့ကတိကိုသူပေးခဲ့တယ် တဘဝစာမဝေးရဖို့ ဒီခဏတာကို သူရင်အကွဲခံခဲ့တယ် သူ့ကမ္ဘာငယ်လေးကတော့သူ့ကိုမမြင်ရလို့ ပျော်နေလောက်ပြီထင်ပါရဲ့....
-----------//---------
နိုးလာရတဲ့မနက်ခင်းတွေမှာ ဒီတိုက်ခန်းမှာသူတစ်ယောက်တည်း
ဟိုလူကပေါ်မလာတာ တပတ်ရှိနေပြီ
အဟက် ပတ်ဂျီမင်းရေ ဘာလို့ဒီလူမလာတာကိုတွေးနေတာလဲ မလာလေကောင်းလေ တသက်လုံးအဲ့လူမလာတာ ပိုကောင်းတာမဟုတ်ဖူးလားဒီနေ့ သင်တန်းပိတ်တာမို့ ထယ်ယောင်းတို့ဆီဖုန်းဆက်ချိန်းထားလိုက်သည် သူ့တိုက်ခန်းဆီလာဖို့ အိမ်မှာသောက်ကြစားကြဖို့ပေါ့ သူကအိမ်ရှင်မို့ ဒီကောင်တွေဖို့စားစရာဝယ်ဖို့ ရပ်ကွက်ထိပ်က Mart ဆီထွက်လာခဲ့လိုက်သည်
ခေါက်ဆွဲအစပ်ကြိုက်သည့်သူ့အတွက် တပတ်စာခေါက်ဆွဲတွေဝယ်ဖို့ ခေါက်ဆွဲတွေရွေးနေတုန်း"ကိုကိုရေ မီမီ ဒီခေါက်ဆွဲတွေအကုန်ဝယ်သွားမယ် ကိုကိုကဖွက်ပြီးယူလာပေးနော် မေမေဆူမှာစိုးလို့"
YOU ARE READING
ကောင်းကင်ခြွေတဲ့......ကြိုး
Fiksi Penggemarသိပ်ချစ်လွန်းလို့ မင်းကိုမြူမှုန်တစက်လေးတောင်အထိခိုက်မခံနိုင်တာမို့ ကောင်းကင်လိုအုပ်မိုးပြီးကာကွယ်ပေးချင်တဲ့ ငါ့ကိုမင်းသိပ်အနိုင်ယူလွန်းတယ် ငယ်......Kim Namjoon ကြိုးတွေလိုရစ်ပတ်ချည်နှောင်တာတွေကိုကျုပ်မကြိုက်ဖူး.. Park Jimin ဆိုတဲ့ကောင်က လွတ...