9☁️

233 29 2
                                    

နိုးထလာရတဲ့မနက်ခင်း​လေးက
သိပ်ကိုကြည်နူးစရာ ​ကောင်းလွန်း​နေသည်
ရင်ခွင်ထဲက ချစ်စရာ​ကောင်​လေး​ကြောင့် ထင်ပါရဲ့

သူ့လက်​မောင်း​ပေါ်  ပါး​လေးတဖက်ဖိအိပ်​နေတော့ နှုတ်ခမ်း​လေးက ဆူထွက်​နေလိုက်တာများ
အသည်းသိပ်ယားဖို့​ကောင်းတာပဲ
ဆံပင်​လေး​တွေသပ်တင်​ပေးရင်း
သူလက်ညှိုးနဲ့ နှုတ်ခမ်း​လေးကို
ခပ်ဖွဖွထိမိ​တော့ အိစက်စက်အထိအ​တွေ့မှာ
သူသ​ဘောတကျနဲ့ ပါးချိုင့်​တွေခွက်ဝင်တဲ့အထိ
ပြုံးမိ​လေပြန်သည် မထူးဇာတ်ခင်းပြီး
နှုတ်ခမ်း​လေးကို ငုံ့ကာခိုးနမ်း​တော့
လူးလွန့်သွားသူ​လေး​ကြောင့်
သူ့မှာအမြန်ခွာရင်း အိပ်ချင်​ယောင်
အမြန်ပြန်​ဆောင်ရ​လေသည် ရင်​တွေတုန်လိုက်တာ...

ဂျီမင်းတစ်​ယောက် ဒီ​နေ့အိပ်ယာထရသည်မှာ
အရင်ရက်​တွေနဲ့မတူသလို ခံစား​နေရသည်
​နွေး​​​နွေးထွေး​ထွေးနဲ့ အိစက်​နေတဲ့​နေရာမှာ
အိပ်​နေရသလိုမျိုး နည်းနည်းတင်းတင်းကြပ်ကြပ်ဖြစ်​နေသလိုလည်း ခံစား​နေရတာမို့
မျက်လုံး​တွေကိုဖွင့်ကြည့်မိ​တော့
သူ့​ရှေ့မှာရင်ခွင်ကျယ်တစ်စုံ
ပြီး​တော့ နှုတ်ခမ်း​အောက်ကမှဲ့​လေး
အနည်းငယ်​မော့ကြည့်​မိတော့
​အေးချမ်းစွာအိပ်​ပျော်​နေသည့်လူသား
ကြည့်​နေရင်း သူ့ရင်​တွေခုန်လာသလိုလို
ဘာလဲ... ငါကသူ့ကိုရင်ခုန်​နေတာလား?
ငါကသူ့ကိုချစ်မိသွားတာလား?

တစ်​ယောက်တည်း အ​တွေး​တွေနဲ့ ​မေးခွန်း​တွေပြန်ထုတ်​နေရတာ မမိုက်လိုက်တာ

မဟုတ်​သေးဖူး​လေ ဒီတိုင်းကြိုက်ရုံ​လေးပါ
ဒီတိုင်း ​ချောတဲ့သူတစ်​ယောက်ကိုမြင်လို့
ရင်ခုန်ရုံ​လေးပဲ ဘာ​တွေ​လျှောက်​တွေး​နေတာလဲ
သူ့ကိုချစ်မိလို့မဖြစ်ဖူး​လေ နှိပ်စက်ရဦးမယ်
​လျှောက်​တွေးမ​နေနဲ့ သွားစမ်း​မှောင်မိုက်တဲ့အ​တွေး​တွေ ငါ့​ခေါင်းထဲကထွက်စမ်း

​ပေါက်ကရ​တွေး​နေတဲ့ ကိုယ့်​ခေါင်းကို
​ခေါင်း​လျှော်တဲ့အခါကျရင် နာနာကုတ်ပစ်ဦးမှပဲ

နမ်ဂျွန်းတစ်​ယောက် သူ့ရင်ခွင်ထဲက ​ခေါင်းတစ်ခါခါလုပ်​နေ​သော အသည်းအသက်​လေးကို ကြည့်ပြီး
သူ့မှာအသည်း​တွေယားလိုက်ရတာ
နှုတ်ခမ်း​လေးတ​ထော်​ထော်နဲ့ ​ခေါင်းကိုရမ်း​နေတာများ ဘာ​တွေ​တွေး​နေလဲမသိ...

​ကောင်းကင်​​ခြွေတဲ့......ကြိုးWhere stories live. Discover now