14🥀

298 30 9
                                    

ဒီည..... တစ်အိမ်တည်းအတူရှိ​နေပါလျှက်
ခွဲအိပ်ရသည့် ပထမဆုံးည.......
နမ်ဂျွန်းတစ်​ယောက် နဖူး​ပေါ်လက်တင်ရင်း
သက်ပြင်းချမိ​နေသည်မှာ အခါခါပင်။

၆လ ဆိုသည့်အချိန်က သူ့အတွက်ငရဲ...
ဒီရက်​တွေကို သူဘယ်လိုဖြတ်သန်းရမလဲ
အခု​တောင် တစ်ဖက်ခန်းက
ကိုယ်ငယ်​ သေး​သေး​လေးကို
တမ်းတနေမိသည်မှာ အလွန်အကြူး...
ရင်ခွင်ထဲထည့်အိပ်စရာ
ကိုယ်သေး​သေး​လေးမရှိ​တော့
ရင်ဘတ်ကြီးထဲမှာဟာတာတာ...
တစ်ဖက်ခန်းမှာ ရှိ​နေမှန်းသိ​​နေပါရက်နဲ့
အတူတူရှိခွင့်မရတာ ဘယ်လိုငရဲလဲ.....

လွမ်းတယ် ကိုကို့က​လေး​လေးရယ်....
မခံစားနိုင်​တော့တဲ့အဆုံး
သူမျက်စိကို ကျိတ်မှိတ်စုံမှိတ်လိုက်​တဲ့အခါ
အလွမ်း​တွေရယ် ရင်ထဲကဆို့နစ်မှု​တွေရယ်
​ပေါင်းစပ်ငွေ့ရည်ဖွဲ့ကာ မျက်ရည်​တွေက
ပါးနှစ်ဖက်ဆီက​နေ ​ခေါင်းအုံး​​ပေါ်ကို
စီးဆင်းသွားကြ​လေရဲ့.....

                            -------//--------

​ရာသီဥတုက ​ဒီရက်ထဲသိသိသာသာ​အေးလာ​သည်
​အခန်းတွင်းက ​ကောင်​လေးဆီကိုလည်း
အ​အေးဓါတ်​တွေက တိုး​ဝှေ့ဝင်​ရောက်သွားကြ​သည်မှာအလုအယက်

ဂျီမင်းတစ်​ယောက် ​​အိပ်​နေရင်း
အ​အေးဓါတ်ကိုခံစားလာရတာမို့
ဘေးဖက်က အ​နွေးဓါတ်ဆီသို့
တိုးကပ်ဖို့ ကြိုးစား​နေမိသည်
သို့​သော် အချည်းအနှီးသာ......
စိတ်နဲ့ခန္ဓာကိုယ်အမူအကျင့်​တွေကို
ပိုင်ရှင်ဖြစ်သူက ဘယ်လိုလုပ်
အလွယ်တကူ ထိန်းချုပ်လို့ရမှာတဲ့လဲ......
တစ်ဖက်မှာ သူရှာ​နေခဲ့တဲ့
အ​နွေးဓါတ်ကရှိမ​နေခဲ့ဖူး​လေ

နမ်ဂျွန်းတစ်​ယောက်
ချမ်း​အေး​လွန်းနေတဲ့မနက်ခင်းမှာ သူနိုးလာ​တော့
အရင်ဆုံးသတိရမိတာက
တစ်ဖက်ခန်းက အသည်းအသက်​လေးကိုပင်
အခန်းတံခါးကို အသာအယာဖွင့်ကာ
ဝင်လာခဲ့မိ​တော့ ​စောင်ပုံကြားထဲ
အတင်းတိုးဝင်ရင်း ​ကွေး​ကွေး​လေး
အိပ်​နေတဲ့ ကိုယ်ငယ်​လေး.....
ပုဇွန်တုပ်​လေးလို​ကွေး​နေသူ​လေးက
သူဝင်လာတာမသိရှာပဲ
အိပ်​မောကျ​နေ​လေသည်။

အခန်းအ​နွေးဓါတ်ကိုတင်​ပေးပြီး
မျက်နှာနုနု​လေးကို သူရပ်ကြည့်​​နေမိသည်
နှုတ်ခမ်းဖူးဖူး​လေးရယ်
ပါးမို့မို့အိအိ​လေး​တွေရယ်က
သူ့အပိုင်မဟုတ်​တော့သ​ယောင်....
ရင်နာတယ် ရင်ဘတ်ကြီးထဲက
ဆို့တက်လာတဲ့အထိ
ကိုကို ဝမ်းနည်း​နေတာ
မင်းသိရဲ့လား က​လေးငယ်
ကိုယ့်ကို အခွင့်အ​ရေး​လေး​ထပ်ပေးဖို့​တောင်
အစီအစဥ်မရှိ​တော့ဖူးလားကွာ...
​ဟော.. မျက်ရည်​တွေကကျလာပြန်ပြီ
တကယ်ပါပဲကွာ ကိုကိုက​လေ
သည်းငယ်နဲ့ပတ်သက်လာရင်
စိတ်တအား​ပျော့တာပဲ​နော် သိလား....

​ကောင်းကင်​​ခြွေတဲ့......ကြိုးWhere stories live. Discover now