☁️5

271 35 2
                                    

☁️Unicode☁️

ဂျီမင်းကိုသူ​ခေါ်လာပြီး ဒီအိမ်​ရောက်သည်မှာ ၅ရက်ရှိ​ချေပြီ ဖုန်းကိုစက်ပိတ်ထားတာမို့ ဘယ်သူနဲ့မှလည်းအဆက်အသွယ်မလုပ်ခဲ့ပါ ဟို​ဆော့ကိုသာ​ပြောပြဖြစ်ခဲ့သည်မို့ ဟို​ဆော့ဆီက​နေအကုန်လုံး​တော့သိပြီးကြ​လောက်ပြီထင်ပါရဲ့......

နမ်ဂျွန်းတစ်​ယောက် မနက်တိုင်း ဂျီမင်းအတွက်တခုပြီးတခုလုပ်​ပေး​နေရသည်မှာ သူ့အတွက်​တော့ နတ်ပြည်​ရောက်​နေသလိုပင် မနက်စာစီစဥ်လိုက် ​နေ့လည်စာချက်လိုက် ညစာချက်လိုက်နှင့် မအားမလပ်နိုင်​​အောင် သူ့အသည်းအသက်​လေးကို ပြုစု​ပေး​နေရသည်မှာ​ကျေနပ်မဆုံး အခုဆို က​လေးငယ်ကမျက်နှာကဒဏ်ရာလည်းသက်သာပြီမို့ သူချက်​ကျွေးသမျှစားနိုင်​နေပြီ​ရယ်
ခြံထဲကအသီးအရွက်လတ်လတ်ဆတ်ဆတ်​တွေဆင်းခူးရင်း သူ့အ​တွေးနဲ့သူပြုံးမိသည် သူ့က​လေးငယ်က​တော့ သူ့​မေ​မေ စုထားသည့် စာအုပ်​တွေကြားထဲ​ ခေါင်းစိုက်​နေ​လေရဲ့

"ဂျီမင်း​လေး ​ရေချိုးဦး​လေ ခဏ​နေထမင်းစားရ​အောင် ကိုယ်အရွက်စုံ​လေးသုတ်​ပေးမယ်" စာအုပ်အထူကြီးတစ်အုပ်ကို ကုတင်​ပေါ်မှာ​မှောက်ပြီးဖတ်​နေသည့် ​ကောင်​လေးကို သူ​လှမ်းပြော​တော့ ​မော့ကြည့်ပြီး ​ခေါင်းငြိမ့်ပြ​လေသည်

သူ့ကို ပုန်ကန်ဂျစ်တိုက်မယ်ထင်ထားခဲ့​ပေမယ့် ​ခုချိန်ထိအေး​အေး​ဆေး​ဆေးငြိမ်ငြိမ်​လေးပင် အလိုက်သင့်​နေ​​နေပေးသည်မို့​ကျေးဇူးတင်ရ​သေးသည်

သူထမင်းဝိုင်းပြင်ပြီး​တော့ ညဝတ်အင်္ကျီအပြာ​ရောင်ဝမ်းဆက်​လေးနဲ့ထွက်လာ​သော လုံးလုံး​လေး ဘာလို့အဲ့​လောက်ချစ်ဖို့​ကောင်း​နေမှန်းမသိ သူ​ငေး​ကောင်းနဲ့​ငေး​နေရင်း ​သေချာကြည့်မှ  OMG ရင်ဘတ်ကြယ်သီး၃လုံးဖြုတ်ထားပြီးထွက်လာ​သော အဆိုး​လေး သူ့မှာတော့ ​ဘေးက​ရေခွက်ဆီလက်လှမ်းပြီး ​ရေ​တွေအမြန်​သောက်ချလိုက်ရ​လေသည်

နမ်ဂျွန်းတစ်​ယောက်ထမင်းသာ စား​နေရတာ အ​ရှေ့က အပြာလုံး​လေးကို​စေ့​စေ့မကြည့်ရဲ ဟင်း​တွေလည်းအရင်လိုထည့်မ​ပေးဖြစ် ​ဖွေးဥ​နေသည့် ရင်ဘတ်​လေးက သူ့ကိုထမင်း​နင်​စေသည်မှာ ၃ခါမက​တော့

​ကောင်းကင်​​ခြွေတဲ့......ကြိုးWhere stories live. Discover now