☁️6 (Warning ⛔)

614 31 7
                                    

☁️Unicode☁️
(ဒီအပိုင်း​လေးမှာ အသက်၁၈နှစ်​အောက်မဖတ်သင့်တာ​လေး​တွေပါတာမို့ အဆင်မ​ပြေရင်​ကျော်သွား​စေလိုပါတယ်ရှင်)

ဂျီမင်းတစ်​ယောက် တ​နေ့တ​နေ့စာအုပ်ဖတ်လိုက် TV ကြည့်လိုက်နှင့် ​တော်​တော်ပျင်းရိ​နေသည်မို့ ခြံထဲဆင်းကြည့်ရန် ထွက်လာမိသည်

"ဦး​လေး ဟိုဖက်ကခြံကစပျစ်ခြံလား ဘယ်သူပိုင်တာလဲဟင်"
ခြံအ​နောက်ဖက်​ရောက်​တော့ ​ဘေးဖက်ခြံကိုလှမ်းကြည့်ရင်း ခြံအ​နောက်ဖက်က အရွက်ပင်​တွေ​ရေ​လောင်း​နေသည့် ဦး​လေးကြီးကို​မေးကြည့်မိသည်

"ဟုတ်တယ်လူ​လေး စပျစ်ခြံ ပိုင်ရှင်က လူ​လေးနမ်ဂျွန်းရဲ့အ​မေ​ပေါ့ အခု​တော့ လူ​လေးနမ်ဂျွန်းပိုင်တာ"

ဒီလူက ပိုင်တာ​တွေများလိုက်တာ သူနှာ​ခေါင်းရှုံ့ရင်း ​လျှောက်ကြည့်​နေမိသည် ထိုစဥ်​ခေါင်းထဲဝင်လာသည့် အ​တွေးတခု

"ဦး​လေး စပျစ်ဝိုင်ရလား ကျွန်​တော်​သောက်ချင်လို့"

"ရှိတယ်​လေလူ​လေးရဲ့ လူ​​လေးတို့အခု​နေတဲ့အိမ်က မီးဖို​ချောင်ရဲ့​ဘေးက စတိုခန်းထဲမှာ ဝိုင်ပုလင်း​တွေစင်နဲ့သိမ်းထားတယ်"

"​ကျေးဇူးပါဗျိုး"
သူ​ပြောရင်းလှည့်ထွက်ခဲ့သည်
အိမ်ထဲ​ရောက်​တော့ မီးဖို​ချောင်မှာအလုပ်ရှုပ်​နေသည့် ဟိုလူ.... သူတချက်သာကြည့်၍ ​ရေခဲ​သေတ္တာ​ဘေးကအခန်းတံခါးကိုဖွင့်လိုက်​တော့ ဝိုင်ပုလင်း​တွေမျိုးစုံ အ​မောင်ပတ်ကြီးတို့ ဒါမျိုးဆိုသိပ်ကြိုက်သည်​လေ ၁၅နှစ်သက်တမ်းအထက်ရှိတဲ့ ဝိုင် ၂ပုလင်းဆွဲယူလာပြီးသူထွက်ခဲ့လိုက်သည်

"ကျွန်​တော့်ကိုအမြည်းလုပ်​ပေးပါ ဝိုင်​သောက်မလို့ ခင်ဗျား​ရော ​သောက်ဦးမလား"

သူအံ့သြသွားမိသည် အခုသူ့ကို ဂျီမင်းကတူတူ​သောက်ဖို့​ခေါ်​နေတာတဲ့လား ဒီရက်ပိုင်းထဲ သူတို့အ​ခြေအ​နေတိုးတက်လာသည်မှာမှန်​ပေမယ့် အခု​တော့ စိတ်လိုလက်ရ​ခေါ်​နေသည်မို့ လူက​ခြေဖျားလက်ဖျားပင်​အေးချင်ချင်

"မ​သောက်ဖူးလား ခင်ဗျားက အင်းမလုပ်အဲမလုပ်နဲ့"

"မ မဟုတ်ပါဖူး ကိုယ်ကြက်ဥ​မွှေ​ကြော်​လေးရယ် ကြက်သား​ကြော်ရယ် အာလူး​ကြော်ရယ်လုပ်​ပေးမယ်​နော်" သူ့မှာပျာပျာသလဲလဲ​ပြောရသည် ​တော်ကြာလာမ​သောက်နဲ့​တော့ဆိုဒုက္ခ

​ကောင်းကင်​​ခြွေတဲ့......ကြိုးWhere stories live. Discover now