ချမ်းလွန်းလာတာကြောင့်
အိပ်ယာပေါ်က ကောင်လေးတစ်ယောက်
လူးလွန့်ကာနိုးလာချေသည်
ပြီးတော့ ထထိုင်ပြီး
ဘေးမှာ ခေါင်းမှောက်အိပ်ပျော်နေသူကို
သေချာကြည့်နေသည်မှာ
အချိန်တော်တော်ကြာကြာ
ခဏနေတော့ အိပ်နေတဲ့ကောင်လေးရဲ့
ဆံပင်တွေကို ခပ်ဖွဖွဆော့ကစားနေပြန်သည်
ပြီးတော့ သူ့ကိုယ်ပေါ်မှစောင်ကို
အိပ်နေသူပေါ်သို့ ပြောင်းကာ
သေချာခြုံပေးပြီး ရေချိုးခန်းထဲသို့
ဝင်သွားလေသည်ရေချိုးခန်းတံခါးပိတ်သွားတော့
အိပ်နေတဲ့ကောင်လေးက
ခြုံပေးသွားတဲ့စောင်ကို
တင်းတင်းကြပ်ကြပ်ကိုင်ကာ
ခန္ဓာကိုယ်တခုလုံး
တသိမ့်သိမ့်တုန်တဲ့အထိ
အံကျိတ်ကာ ငိုနေသည်မှာ
ရင်နင့်စဖွယ်ဘယ်သူကမှန်ပြီး ဘယ်သူကမှားနေခဲ့တာလဲ?
------//------
ဂျီမင်းတစ်ယောက် ဒီနေ့တက်ကြွလွန်းစွာ
အပြင်သွားဖို့ပြင်ဆင်နေမိသည်
ဒီည ထယ်ယောင်းတို့ ဂန်မင်းတို့နဲ့
Club သွားကဲကြမည်လေ
အပြင်မထွက်ရတာ တော်တော်ကြာခဲ့ပြီမို့
လူကတော်တော်ပျော်နေသည်ခုထိဖုန်းဆက်မလာသေးသော
ထယ်ယောင်းကို စိတ်ကတိုချင်လာပြီမို့
ကိုယ်ကပဲစဆက်လိုက်သည်
ဖုန်းဝင်သွားပြီး တဖက်မှ
ဟယ်လိုတောင်မကြားရသေး"ဟေ့ကောင် မင်းအဖေငါစောင့်နေတာ
ဆယ်ကမ္ဘာလောက်ကြာနေပြီ
မပြီးသေးဖူးလား $#@$@..."အားရပါးရဆဲချပစ်လိုက်ပြီးမှ
တစ်ဖက်မှ
"ဟိုလေ ဂျီမင်း
ယောင်းကလေ အဝတ်လဲနေတယ်
သူပြီးတော့မှာပါ
Club ထိအကိုလိုက်ပို့ပေးမှာမို့
ဂျီမင်းထွက်လာလို့ရပြီနော်""အယ် အကိုဟိုဆော့
ကန်တော့နော် ကန်တော့
ကျွန်တော်ကထယ်ယောင်းထင်လို့""ရပါတယ် ဂျီမင်းရဲ့
ကားသာဂရုစိုက်မောင်းသွား"အော် ထယ်ယောင်းတို့များ
သာယာနေတာ အရမ်းတွေနော်
ဂန်မင်းကိုပဲဝင်ခေါ်လိုက်တော့မယ်
တစ်ယောက်တည်း ပွစိပွစိရေရွတ်ရင်း
အချစ်တော် ကားလေးကိုစီးကာ
ဂန်မင်းဆီသို့.....
YOU ARE READING
ကောင်းကင်ခြွေတဲ့......ကြိုး
Fanfictionသိပ်ချစ်လွန်းလို့ မင်းကိုမြူမှုန်တစက်လေးတောင်အထိခိုက်မခံနိုင်တာမို့ ကောင်းကင်လိုအုပ်မိုးပြီးကာကွယ်ပေးချင်တဲ့ ငါ့ကိုမင်းသိပ်အနိုင်ယူလွန်းတယ် ငယ်......Kim Namjoon ကြိုးတွေလိုရစ်ပတ်ချည်နှောင်တာတွေကိုကျုပ်မကြိုက်ဖူး.. Park Jimin ဆိုတဲ့ကောင်က လွတ...