မင်္ဂလာဦးရဲ့ ပထမရက်တွေကတော့ ပျော်စရာအတိပါပဲ ကြည်နူးလိုက်ချစ်လိုက်နဲ့ ...
မနက်စာအတူစားရင်း ဖက်နမ်းချင်လည်းနမ်းလိုက်ကြတာပဲ... နေ့လည်စာ ညစာတွေ အပြင်ထွက်စားရင်း date ချင်လည်း date လိုက်ကြတာပါပဲ..... ညဖက်ဆို ကာတွန်းကားတွေ movie တွေကြည့်ရင်း ထချစ်ချင်လည်းချစ်လိုက်ကြတာပဲ.....မုန်တိုင်းအကြိုလေပြေလို့ပဲဆိုရမလား ၅ရက်လောက်ကတော့ ကောင်းကောင်းကြီးမိုးမမြင်လေမမြင်ချစ်ကြပျော်ကြနဲ့ သိပ်ကြည်နူးဖို့ကောင်းခဲ့တာ...
ဒါပေမယ့် စာမေးပွဲနားကပ်လာလို့ နမ်ဂျွန်းတစ်ယောက်စာတွေလုပ်ရလို့ ဂျီမင်းကို သည်းသည်းမလှုပ်နိုင်တဲ့အချိန်မှာတော့ ကတောက်ကဆလေးတွေကစပါတော့တယ်.....
"ကိုကို ညစာ steak စားချင်တယ် လိုက်ကျွေး..."
"အသည်းလေးရယ် ကိုကိုစာလုပ်နေလို့လေ တစ်ခြားဟာတစ်ခုခုမှာစားလေနော် လိမ္မာတယ်"
ဂျီမင်းတစ်ယောက် အရှေ့ကမျက်မှန်တစ်လက်နဲ့ စာအုပ်ပုံကြား ခေါင်းစိုက်နေတဲ့သူကို တခုခုလုပ်ပစ်ချင်စိတ်တွေ တဖွားဖွား အလိုလိုက်ပါမည် ကြိုက်သလောက်ဆိုးပါ ဆိုပြီး သိမ်းပိုက်ခဲ့တာ သူမဟုတ်သလိုပဲ... အခုကြည့် steak လေးဆိုင်မှာခဏလိုက်ကျွေးတော့ ဘာဖြစ်မှာမို့လို့တုန်း.... အဲ့စာတွေပဲလုပ်နေတာ Roll 1 မရမှာစိုးလို့လား... Roll ကအရေးကြီးလား သူကအရေးကြီးလား.. အား စိတ်တိုလိုက်တာ
"ကောင်းပြီလေ ခင်ဗျားအဲ့စာအုပ်တွေနဲ့ပဲယူလိုက်တော့ ကိုယ့်ဘာသာတစ်ယောက်တည်းသွားစားတော့မယ်"
ပြောပြီး စာကြည့်ခန်းထဲက ပြေးထွက်သွားတဲ့ ကလေးငယ်ကို နောက်ကလိုက်ခေါ်ဖို့ သူမလုပ်နိုင်ခဲ့ပါ မင်္ဂလာပွဲကိစ္စရယ် ကလေးအနားမှာနေခဲ့တဲ့ရက်တွေရယ်ကြောင့် စာတွေအများကြီးသူပြန်လိုက်နေရသည် ကလေးငယ်ကဒါကိုမသိ သက်ပြင်းအရှည်ကြီးသာချရင်း စာကိုသာဖိလုပ်နေမိတော့သည်
စာလုပ်လို့ပြီးလို့ နာရီကြည့်မိတော့ ည၂နာရီထိုးနေလေပြီ ကလေးငယ်ကတော့စိတ်ကောက်ပြီး အိပ်နေပြီထင် သူ့ကိုအိပ်ဖို့ လာတောင်မခေါ်တော့ အိပ်ယာထဲရောက်မှ နမ်းပစ်ပြီးချော့ဦးမည်
YOU ARE READING
ကောင်းကင်ခြွေတဲ့......ကြိုး
Fanfictionသိပ်ချစ်လွန်းလို့ မင်းကိုမြူမှုန်တစက်လေးတောင်အထိခိုက်မခံနိုင်တာမို့ ကောင်းကင်လိုအုပ်မိုးပြီးကာကွယ်ပေးချင်တဲ့ ငါ့ကိုမင်းသိပ်အနိုင်ယူလွန်းတယ် ငယ်......Kim Namjoon ကြိုးတွေလိုရစ်ပတ်ချည်နှောင်တာတွေကိုကျုပ်မကြိုက်ဖူး.. Park Jimin ဆိုတဲ့ကောင်က လွတ...