13💔

348 36 13
                                    

🥀Unicode

မြင်ရတဲ့မြင်ကွင်း​တွေက သူ့ရင်ဘတ်ကို ​
လေးပင်တဲ့အရာတစ်ခုခု ဖိချလိုက်သလိုပါပဲ
သူ့ကို Suprise လုပ်ဖို့​စောင့်​နေတဲ့သူကိုမှ     
ဒီလိုရင်နာစရာမြင်ကွင်းကို ပြလိုက်မိတာလား
ဘာမှမ​ပြော​တော့ဖူးလို့ စဥ်းစားထား​ပေမယ့်
ဟင့်အင်း.......သူရှင်းပြရမယ်......
ရှင်းပြမှဖြစ်မယ်......
ဂျီမင်းတစ်​ယောက်အ​တွေး​တွေနဲ့
ခေါင်းတွေခါရမ်းလိုက်မိတယ်

"ကိုယ်က suprise လုပ်ဖို့စီစဥ်ထားခဲ့​ပေမယ့်
မ​မျှော်လင့်ပဲ suprise တိုက်ခံလိုက်ရတဲ့သူက
ကိုယ်ပြန်ဖြစ်​နေခဲ့တာပဲ ကိုယ့်အ​ပေါ်ကို
လုပ်ရက်တယ် ဂျီမင်းရယ်"

​နောက်ပါးဆီက ရှိုက်သံ​တွေနဲ့စကား​တွေကို
ကြားလိုက်ရ​တော့ သူ့ရင်ထဲစူးခနဲ......
မဟုတ်ဖူး ကိုကိုထင်​နေတာ​တွေ မဟုတ်ဖူး...
ရှင်းပြဖို့ သူအားယူပြီးမတ်တပ်ရပ်လိုက်တယ်
ပြီး​တော့ ​နောက်​​ကျောဖက်ကသူကို
မျက်နှာချင်းဆိုင်ဖို့ ကြိုးစားရင်း
သူလှည့်လိုက်တဲ့အခါ.....

ရင်နာစရာပါပဲ ကိုကို့မျက်ဝန်း​တွေက
နီရဲ​နေပြီး မျက်ရည်​တွေအဆက်မပြတ်ကျလို့.....

နမ်ဂျွန်းရင်ခွင်ထဲကို ဂျီမင်းပြေးဝင်ပြီး
ဖက်ထားလိုက်တယ်....

"မဟုတ်ဖူးကိုကို ကိုကိုထင်​နေသလို
မဟုတ်ဖူး​နော် သူနဲ့မနမ်းမိဖူး
သူ...သူ...သူက ရုတ်တရက်ကြီး
အတင်းလာနမ်းတာပါ တကယ်​ပြောတာပါ
မင့်ကိုယုံပါကိုကိုရယ်
​တောင်းပန်ပါတယ်"

"ဒီရက်ထဲ ခဏခွဲ​နေခဲ့တာလည်း ​
ကျောင်းကိစ္စကို ခဏအာရုံစိုက်ပြီး
စာ​မေးပွဲပြီးတာနဲ့ မင်းအနားမှာ
အတိုးချ အလိုလိုက်ဖို့ဆိုပြီး
ငါ....ငါက............
ဟား... သိပ်ကိုလှတဲ့ကလဲ့စားပဲ
မင်းမချစ်ပဲနဲ့ယူလိုက်ရတာမို့
ငါ့ကိုနည်းလမ်း​ပေါင်းစုံနဲ့ နှိပ်စက်ဖို့
မင်းကြိုးစား​နေခဲ့တာမှတ်လားဟမ်
​ပြောစမ်းပါဦး ပတ်ဂျီမင်းရဲ့"

အရူးတစ်​ယောက်လို ​အော်ဟစ်ရင်း
ဂျီမင်းကိုသူ​မေး​နေမိသည် အခုချိန်မှာ
သူ့ရင်ထဲဘယ်​လောက်မီး​တောက်​နေရလဲ
သူကိုယ်တိုင်မှလွဲ၍ ဘယ်သူမှမသိနိုင်......

​ကောင်းကင်​​ခြွေတဲ့......ကြိုးWhere stories live. Discover now