11☁️

235 32 0
                                    

ဟို​ဆော့တို့အိမ်မှာ​နေ​နေရ​ပေမယ့် သူ့စိတ်​တွေကမ​ဖြောင့် ဂျီမင်း​နောက်ကိုလိုက်ကြည့်ခိုင်းထားသည့်သူဆီက ​ရောက်လာတဲ့ ဓါတ်ပုံ​တွေက သူ့ရင်အစုံကိုပူပင်​မောဟိုက်​စေသည့်ပုံ​တွေကြီးပင်.......
Bar မှာကခုန်​ပျော်မြူး​နေတာမျိုး.... ​​ဆေးလိပ်​တွေ​သောက်​နေတာမျိုး....... ​ကောင်မ​လေး​တွေနဲ့အီစီကလီလုပ်​နေတာမျိုး.... စသည်ဖြင့်မရိုး​စေရ
ဒါ​ပေမယ့် ​ပျော်​အောင်လွှတ်ထား​ပေးရမှာပဲ မတတ်နိုင်ဖူး​လေ အဆိုး​လေး​ပျော်​နေရင်ပြီးတာပဲ အဓိကက ဟို​ကောင် ထယ်ဟိုနဲ့ထပ်မ​တွေ့ရင်ရပြီ.....

ဒါ​ပေမယ့် ရင်ထဲကနည်းနည်း​တော့နာသည်​ပေါ့......

စာအုပ်ပုံကြားထဲ​ခေါင်းစိုက်ရင်း  စိတ်ညစ်​နေ​သော သူငယ်ချင်းကိုကြည့်ရတာ ဟို​ဆော့အတွက်လည်းအဆင်မ​ပြေပါ ဒီနှစ်​ယောက်အဆင်​ပြေ​အောင်ဘာ​တွေလုပ်​ပေးရမှန်းလည်းမသိ စာ​မေးပွဲပြီးရင်​တော့ ထယ်​ယောင်းတို့နဲ့တိုင်ပင်ပြီး နှစ်​ယောက်အဆင်​ပြေ​အောင်လုပ်​ပေးမည်လို့​တော့ စိတ်ထဲ​​တေးထားလိုက်သည် ဟူး.... ရင်​မောတယ်သူတို့နှစ်​ယောက်အတွက်...

                          ........//........

ဂျီမင်းတစ်​ယောက် Club  က​နေ မိုးလင်းမှပြန်လာသည်မို့ အိပ်ယာထ​နောက်ကျ​နေရသည် သင်တန်းသွားရမည့်ရက်မို့သာ မဖြစ်မ​နေထရတာ... စိတ်​တွေက ကြည်မ​နေ

"ကျစ်... မိုးလင်းတည်းကစိတ်ပျက်စရာ​တွေကြီးပဲ"

သူညည်းညူရင်း ​ရေချိုးခန်းထဲဝင်မိသည် မှန်မှာ​ပေါ်​နေတဲ့ သူ့ကိုယ်သူကြည့်မိ​တော့ မကြာခင်ကမှ​ပြောင်းထားသည့် အပြာ​ရောင်ဆံပင်​တွေနှင့် ပနံရစွာ သူ့တကိုယ်လုံးက ဆွဲ​ဆောင်မှုရှိ​​နေသည် ​အေး​လေ အဲ့တာ​​ကြောင့်ပဲ ဟိုလူကသူ့ကိုရ​အောင်ယူထားတာမှတ်လား ​စော​စောစီးစီး ဟိုလူ့ကို​တွေးမိပြီး စိတ်ကတိုလာရတာမို့ ​ရေပန်းကိုဖွင့်ချပြီး ​ဒေါသစိတ်ကို ​ဖြေ​လျော့ရသည် ​
"တောက်...... စားပြီးနားမလည်တဲ့ ​မြေ​ခွေးလိုလူကြီး"

                  --------//-------

တဖက်ကနမ်ဂျွန်းမှာလည်း အ​ဖေတို့အိမ်က အ​ဒေါ်ကြီးဆီဖုန်းဆက်ပြီး ဟင်းလျာ​တွေ တပတ်စာလုပ်ထား​ပေးဖို့​ပြော​နေသည် သူ့က​လေးအစားဆင်းရဲမှာ​တော့ သူ​သေ​အောင်​ကြောက်သည်​လေ ည​နေ​ကျောင်းက​စော​စောဆင်းပြီး က​လေးမရှိချိန်သွားပို့ထားဖို့ သူစီစဥ်ထားသည် ဒီရက်ထဲ သူတို့နှစ်​ယောက်ဆုံလို့မဖြစ်​သေးပါ သူစာ​မေးပွဲ​နောက်ဆုံး​နေ့ကျရင်​တော့ Suprise အစီအစဥ်လုပ်ပြီး​ချော့ဖို့လည်းစဥ်းစားထားသည် အဆိုး​လေးကို ​နောက်ကျ အတိုးချချစ်ပြီး ​ပျော်​အောင်ထားဖို့ plan ​တွေနဲ့သူ့မှာ​ပျော်​​နေမိသည်မှာ ပါးချိုင့်​တွေခွက်ဝင်​အောင်ပြုံး​နေမိသည်အထိ လွမ်းရတာရက်​တွေကြာပြီ​လေ......

​ကောင်းကင်​​ခြွေတဲ့......ကြိုးWhere stories live. Discover now