☁️Unicode☁️
နေကောင်းပြီးဆေးရုံကဆင်းလာတဲ့နောက်မှာတော့ ဂျီမင်းတစ်ယောက် ကံကောင်းလာသည်ပြောရမလားဆိုးသည်ပြောရမလားမသိ သူ့မိဘတွေကွာရှင်းသည့်ကိစ္စရပ်တန့်သွားခဲ့လေသည်။
သို့သော်သူ့ကျန်းမာရေးက စာမေးပွဲရက်မှာဆိုးရွားနေခဲ့တာမို့စာမေးပွဲကောင်းကောင်းမဖြေနိုင်ခဲ့ ထယ်ယောင်းတို့ စီနီယာတို့ကတော့ အားပေးကြပေမယ့် သူစာမေးပွဲကျမည်လို့ပဲ စိတ်ထဲတွေးထားမိသည် ဘာဖြစ်လဲနောက်တစ်နှစ်ထပ်တက်ပေါ့ ဟိုမရောက်ဒီမရောက် Btech မပါပဲရိုးရိုးအောင်မသွားဖို့သာအရေးကြီးသည်လေ...----------//----------
ဒီနေ့အောင်စာရင်းထွက်မှာမို့ သူရင်တွေတုန်နေသည်မှာမတရား ဘေးက ကားမောင်းနေသည့် အကိုဂျွန်းကတော့ စိတ်အေးအေးထားဖို့ သူ့ကိုတဖွဖွပြောနေရှာသည်
"နေမကောင်းဖြစ်မယ်လေ ကလေးရယ် ကျသွားလည်းအကိုပါ တစ်နှစ်ကျောင်းနားပြီး ကလေးနဲ့တူတူတက်မယ် ဟုတ်ပြီလား"
နမ်ဂျွန်းတစ်ယောက်ပြောလည်းပြောရင်း ဘေးက ကြောက်နေတဲ့ကလေးလေးလက်ကို ခပ်ဖွဖွလေးကိုင်ထားမိသည် ဒီကလေးတော်တော် လန့်နေရှာသည်ထင်ပါရဲ့လက်ကလေးတွေလည်းအေးစက်လို့
ကျောင်းရောက်တော့ ကားပေါ်ကဆင်းဆင်းချင်း အောင်စာရင်းစာရွက်ကပ်တဲ့ဆီသူပြေးလာမိသည် ထယ်ယောင်းကတော့သူ့ထက်အရင် စီနီယာ ဟိုဆော့နဲ့တူတူရောက်နေလေရဲ့
"ဂျီမင်းရေ ငါ့နာမည်တွေ့ပြီ တော်သေးတယ် Btech ကိုကပ်ပါတယ်ဟ ဒီမှာ နောက်ဆုံးစာရွက်မှာငါ့နာမည်"
ထယ်ယောင်းရဲ့စကားတွေကိုသူဆက်မကြားနိုင်တော့ပါ အဘယ်ကြောင့်ဆိုသော် ထယ်ယောင်းပြနေသည့် ထယ်ယောင်းနာမည်ရဲ့ ၅ယောက်ကျော်မှာသူ့နာမည် သို့သော် ဘေးမှာ star မပါတာမို့ သူ Btech မပါပဲ ရိုးရိုးပဲအောင်ချေပြီ လူအုပ်ကြားထဲကနေ မျက်ရည်စက်လက်နှင့် သူပြေးထွက်လာမိသည် ကံတရားကဘာလို့သူ့ကိုမှလည်း စာမေးပွဲကျရင်တောင်သူဒီလိုခံစားရမည်မဟုတ်
YOU ARE READING
ကောင်းကင်ခြွေတဲ့......ကြိုး
Fanfictionသိပ်ချစ်လွန်းလို့ မင်းကိုမြူမှုန်တစက်လေးတောင်အထိခိုက်မခံနိုင်တာမို့ ကောင်းကင်လိုအုပ်မိုးပြီးကာကွယ်ပေးချင်တဲ့ ငါ့ကိုမင်းသိပ်အနိုင်ယူလွန်းတယ် ငယ်......Kim Namjoon ကြိုးတွေလိုရစ်ပတ်ချည်နှောင်တာတွေကိုကျုပ်မကြိုက်ဖူး.. Park Jimin ဆိုတဲ့ကောင်က လွတ...