☁️3

346 35 11
                                    

🌧Unicode🌧

ဒီ​နေ့ တစ်မနက်လုံးအတန်း​တွေတက်​နေခဲ့ရသည်မို့ ​နေ့လည်အတန်းတစ်ချိန်တက်ပြီးသွား​တော့ ဂျီမင်းကိုသွား​ခေါ်ဖို့ နမ်ဂျွန်းတစ်​ယောက် သူတို့ Third Year အ​ဆောင်မှထွက်လာခဲ့ပြီး Second Year အ​ဆောင်ဖက် ကူးလာခဲ့သည်

သို့​သော် သူမြင်လိုက်ရသည်က အတန်းထဲက​နေ အ​နောက်​ပေါက်က​ ခိုး​ကြောင်ခိုးဝှက်ထွက်ဖို့ လုပ်​နေတဲ့ ​ခေါင်းလုံးလုံး​​လေး ဆရာမကို​ချောင်းလိုက် အ​ပေါက်နားတိုးလာလိုက်နှင့် ​ပျာယာခတ်​နေရှာသည်မှာအူယားစရာ​လေး သူလက်ပိုက်ပြီးရပ်ကြည့်​နေမိသည် ခဏ​နေ​တော့ထွက်လာပါပြီ သူမဟုတ်သလိုရုပ်​လေးနဲ့ ခပ်တည်တည်ပင် သူ့အနား​ရောက်တဲ့ထိသူ့ကိုမမြင်​သေး

"ဟို​ကျောင်းသား အတန်းထဲကဘာလို့ခိုးထွက်လာတာတုန်း"သူအသံနည်းနည်းဖျက်ပြီး အ​ရှေ့ကပိတ်ရပ်ပြီး​ပြောလိုက်သည်

တုန်တက်သွားပြီးသူ့ကို​မော့ကြည့်သည့် က​လေး​​လေး သူမှန်းသိ​​တော့ နှုတ်ခမ်းကတစ်​တောင်​လောက်ဆူထွက်လာပြီး "ဟာဗျာ ဒီကပါချုပ်ထင်ပြီးလန့်သွားတာပဲ" မျက်​စောင်းထိုးပြီး နှုတ်ခမ်း​လေးတ​ထော်​ထော်နှင့်သူ့ကို​ပြော​နေသည်မှာ အူယားစရာရယ်

"ဟားဟား ကိုယ်ကစတာကိုကွာ လာသွားကြမယ် ကိုယ်​နေ့လည်စာမစားရ​သေးဖူး ဂျီမင်း​လေး​ရော စားပြီးပြီလား"

"ဟင့်အင်းမစားရ​သေးဖူး မင် ဗိုက်ဆာ​နေတာတအားပဲ ဆရာမကစာသင်​နေတာမပီး​တော့ဖူး" ​

နှုတ်ခမ်း​လေး​ထော်ပြီး ချွဲ​နေသည့် ထိုက​လေးကိုကြည့်ပြီး သူ့မှာအသည်းယားပြီး ဖက်နမ်းချင်စိတ်​တွေတဖွားဖွား ကင်နမ်ဂျွန်း​ရေ စိတ်ထိန်းဟ အချိန်မတန်​သေးဖူး

"အင်းပါ လာသွားကြမယ် ဒီ​နေ့ကိုယ်ဝယ်​​ကျွေးမယ်ကြိုက်တာစား"

"အိုခေ ကတိ​နော် မိုးကလည်းရွာမှာလားမသိ ကျွန်​တော် ထီးပါတယ် ဒီမှာကြည့်"

သူ့ထီးအပြာ​ရောင်​လေးကိုထုတ်ကြွား​နေသည့် လူဆိုး​လေး ဒီမှာက သူနဲ့တူတူဆောင်းဖို့ထီးအကြီးကြီးဝယ်ထားရတာကို....

​ကောင်းကင်​​ခြွေတဲ့......ကြိုးWhere stories live. Discover now