🌼Unicode
မြစ်ပြင်ကျယ်ကိုတိုက်ခတ်လာတဲ့လေပြေက သူ့အရှေ့က အရုပ်လိုကောင်လေးရဲ့ ဆံနွယ်တွေကို ကလူကြည်စယ်နေတာမြင်တော့ ဟိုဆော့ရင်ထဲ လေပြည်ကိုမနာလိုလာမိသည်..... ထယ်ယောင်းရဲ့ ဆံနွယ်အုပ်အုပ်ကလေးကို ရင်ခွင်ထဲထည့်ပြီး နမ်းချင်စိတ်တွေကတဖွားဖွား......အင်း.. ရည်းစားဖြစ်မှ တစ်ဝနမ်းရှိုက်ပစ်လိုက်ဖို့တော့ စိတ်ထဲမှာတေးမှတ်ထားလိုက်သည်
"အဟမ်း အကို စားလေ ကျွန်တော့မျက်နှာမှာဘာပေနေလို့လဲ"
အရှေ့ကစီနီယာဟိုဆော့ကက သူ့ကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေသည်မို့ ထယ်တစ်ယောက် မနေတတ်ဖြစ်လာရသည်မို့ ခေါင်းငုံ့ချကာ မရဲတရဲမေးလိုက်မိသည်"ဟို မပေပါဖူး ထယ်ကချောလို့ မျောသွားတာ"
"ဗျာ"
"ဟုတ်တယ် ထယ်ကချောလည်းချော ချစ်ဖို့လည်းသိပ်ကောင်းတာပဲ"
"အာ အကိုကလည်းမြှောက်နေပြန်ပြီ ကျွန်တော်မုန့်ဝယ်ကျွေးပါ့မယ်ဗျာ"
နားရွက်ဖျားလေးများရဲကာ ရှက်နေတဲ့ထယ့်ကိုကြည့်ပြီး သူအသည်းတွေအင်မတန်ယားလာရသည် ကြည့်ပါဦး ကိုယ်၄နှစ်တောင် Crush လာခဲ့ရတဲ့ကောင်လေး ဘယ်လောက်တောင်အူယားအောင် ချစ်ဖို့ကောင်းသလဲ
"ကိုယ်မင်းကိုချစ်တယ် ထယ် ကိုယ်ချစ်နေခဲ့တာသိပ်ကိုကြာပြီ မင်း First Year တုန်းတည်းကချစ်ခဲ့ရတာပါ"
ဟိုဆော့ ချစ်စကားတွေကို အရှေ့က ကောင်လေးကို မြတ်နိုးခြင်းများစွာဖြင့်ကြည့်ရင်း ပြောမိသည်
သူ့အရှေ့က ကောင်လေးကတော့ ခက်ရင်းကိုင်ထားတဲ့လက်သွယ်သွယ်ကလေးတွေကတုန်ရီနေလေသည်တုန်ရီနေတဲ့ လက်ကလေးကို အသာအယာဖွဖွလေးအုပ်ကိုင်လိုက်တော့ မျက်တောင်ကော့လေးတွေအောက်က မျက်ဝန်းလဲ့လဲ့တွေက သူ့ကိုကြည့်လာသည် နှစ်ယောက်အတူ အချိန်အတော်ကြာ အပြန်အလှန် ကြည့်နေရင်း ထယ်တစ်ယောက် မျက်ရည်တွေဝိုင်းလာတာကိုတွေ့လိုက်ရတော့ သူရင်တွေထူပူသွားရသည် ချက်ချင်းပင်ထကာ ထယ့်ဘေးမှာ ဒူးတစ်ဖက်ထောက်ချလိုက်မိသည်
YOU ARE READING
ကောင်းကင်ခြွေတဲ့......ကြိုး
Fanficသိပ်ချစ်လွန်းလို့ မင်းကိုမြူမှုန်တစက်လေးတောင်အထိခိုက်မခံနိုင်တာမို့ ကောင်းကင်လိုအုပ်မိုးပြီးကာကွယ်ပေးချင်တဲ့ ငါ့ကိုမင်းသိပ်အနိုင်ယူလွန်းတယ် ငယ်......Kim Namjoon ကြိုးတွေလိုရစ်ပတ်ချည်နှောင်တာတွေကိုကျုပ်မကြိုက်ဖူး.. Park Jimin ဆိုတဲ့ကောင်က လွတ...