အပြင်မှာမိုးတွေတဖျောက်ဖျောက်ကျလို့ ရာသီဥတုကအုံ့မှိုင်းမှိုင်းဖြစ်နေလေရဲ့ မိုးကတော့ ခုနကဒေါသတကြီးတအုန်းအုန်းရွာခဲ့သည်မှာ သူမဟုတ်တဲ့အတိုင်း......
ပတ်ဂျီမင်း တစ်ယောက် မိုးအေးအေးနဲ့ ဖုန်းသုံးနေရာက နေမထိထိုင်မထိနဲ့ ဘာလုပ်ချင်လို့လုပ်ချင်မှန်းမသိဖြစ်လာတာမို့ နောက်ဆုံးတော့ သူ့ရဲ့ရွှေရောင်ဆံပင်တွေကြားလက်ထိုးဖွပြီး နှုတ်ခမ်းဆူကာ သူကုတင်ပေါ်ကနေ ဆင်းလိုက်သည်
စိတ်အလိုမကျရင် နှုတ်ခမ်းဆူပြီး ဆံပင်ဖွတာက သူ့အကျင့်ပါပဲ
အခန်းတံခါးဖွင့်ကာ မီးဖိုခန်းထဲသို့တလှုပ်လှုပ်နှင့်ဝင်သွားလိုက်ပြီး မြောက်မြားလှစွာသောကော်ဖီခွက်တွေထဲက အဝါနဲ့အစိမ်းစပ်ထားတဲ့ကော်ဖီခွက်လေးဆီလက်ကလှမ်းမိလေသည်ခွက်ကိုင်းလေးက ဘဲပုံလေးနဲ့ ဘဲနှုတ်ခမ်းလေးက သူနဲ့တူလို့ဆိုပြီး သူငယ်ချင်း ထယ်ယောင်းမွေးနေ့လက်ဆောင်ပေးထားတဲ့ခွက်လေး သူတချက်ပြုံးပြီး နှပ်ထားတဲ့ကော်ဖီအိုးထဲကကော်ဖီကိုထည့်လိုက်တော့ ကော်ဖီနံ့သင်းသင်းလေးက မွှေးပျံ့လာကာ စိတ်တွေအနည်းငယ်ကြည်သွားသည်
"ကော်ဖီက ကမ္ဘာပေါ်မှာငါ့အတွက်အကောင်းဆုံးအဖော်ပဲ ဟဟ"
တစ်ယောက်တည်းသဘောကျပြီးပွစိပွစိနဲ့ရွတ်ကာ အခန်းထဲသို့ကော်ဖီခွက်ကိုင်ပြီးဝင်ရန်ပြင်လိုက်သည် သို့သော် ဘေးအခန်းဆီသို့မျက်စိအရောက်....... သူ့အခန်းတံခါးဖွင့်မယ့်လက်တွေတွန့်သွားပြီး တစ်ဖက်အခန်းထဲရှိထိုလူဘာလုပ်နေမလဲသွားကြည့်ချင်စိတ်ပေါ်လာတာမို့ ခြေလှမ်းတွေထိုအခန်းဆီသို့သာ ဦးတည်လိုက်တော့သည်တံခါးကိုခေါက်လိုက်ရင်း "ကင်နမ်ဂျွန်း ခင်ဗျားရှိနေလား" ......
"ကိုယ်ရှိတယ် ဂျီမင်း ဘာဖြစ်လို့လဲ တစ်ခုခုစားချင်လို့လား ကိုယ်ဘာသွားဝယ်ပေးရမလဲ ဘာလုပ်ပေးရမလဲ" တရစပ်စကားတွေနဲ့အတူ ပါးချိုင့်နစ်ဝင်အောင်ရီပြုံးပြီးထွက်လာတဲ့ ထိုလူသား....
အဟက် ပတ်ဂျီမင်းတို့ ပါးစပ်ဟလိုက်တာနဲ့ ဘာလုပ်ပေးရမလဲ ပြာနေတတ်တဲ့ ကျုပ်ကိုချစ်လှပါချေရဲ့ဆိုတဲ့ ကင်နမ်ဂျွန်းဆိုတဲ့လူပေါ့
YOU ARE READING
ကောင်းကင်ခြွေတဲ့......ကြိုး
Fanfictionသိပ်ချစ်လွန်းလို့ မင်းကိုမြူမှုန်တစက်လေးတောင်အထိခိုက်မခံနိုင်တာမို့ ကောင်းကင်လိုအုပ်မိုးပြီးကာကွယ်ပေးချင်တဲ့ ငါ့ကိုမင်းသိပ်အနိုင်ယူလွန်းတယ် ငယ်......Kim Namjoon ကြိုးတွေလိုရစ်ပတ်ချည်နှောင်တာတွေကိုကျုပ်မကြိုက်ဖူး.. Park Jimin ဆိုတဲ့ကောင်က လွတ...