☁️2

406 37 17
                                    

ဟို​ဆော့တစ်​ယောက် မျက်​စောင်းထိုးကဝိုင်းကိုလှမ်းကြည့်ရင်း တစ်​ယောက်တည်းပြုံး​နေသည့် သူ့သူငယ်ချင်းကို ဘာ​ပြောရမှန်းမသိကြည့်​နေမိသည် ဒီ​ကောင့်ကိုသူ​ခေါ်​နေတာ ​လေးငါးခါရှိပြီ အ​ရှေ့ကသ​ကောင့်သားကတစ်စက်​လေး​တောင်မကြား

"​ဟေ့​ကောင် နမ်ဂျွန်း မင်း​ယောက်ဖငါ မင်းကို ခေါ်​နေတယ်ကွ" ​ပြောလည်း​ပြောရင်း ​ပိတ်ရိုက်ပစ်လိုက်​တော့မှ သူ့ကိုပြူးကြည့်လာ​လေရဲ့

"​အေး​ပြော မင်းကလည်းကွာ ဒီမှာ ငမ်း​ကောင်း​နေတာကို" နမ်ဂျွန်းသူ့သူငယ်ချင်းကို မ​ကျေမချမ်း​ရေရွတ်မိသည် ဟုတ်တယ်​လေ အ​ရှေ့ကဖြူလုံးလုံး​လေးက ကိုက်စားချင်စရာ​လေးမို့ သတိလက်လွတ်​ငေး​နေတာကို အရှိန်ပျက်​အောင်လာလုပ်သည်ကိုး....

"​အေးစားလို့ပြီးပြီ အတန်းသွားတက်မယ်​လေ ​ဟေ့​ကောင်ရ Roll ကျသွားရင် အိမ်ကငါ့ကိုမုန့်ဖိုးဖြတ်မှာကွ" ဟို​ဆော့တကယ်​ကြောက်ပါသည် သူ့အိမ်က သူဒီနှစ် Roll ကျရင် မုန့်ဖိုးထပ်ဖြတ်​တော့မှာ​ သူအသိဆုံးပင်

"ငါမလိုက်​တော့ဖူး မင်းသွား​တော့ ငါအ​ရှေ့က​ကောင်​လေးကို အရမ်းဖြစ်​နေလို့ကွ ချစ်စရာ​လေးကွာ ပိုင်ဆိုင်ချင်လိုက်တာ"

နမ်ဂျွန်း​ပြောရာဆီသူလှည့်ကြည့်မိ​တော့ သူ့ Crush ထယ်​ယောင်းရဲ့သူငယ်ချင်း​လေး ပတ်ဂျီမင်း ပျိုတိုင်းကြိုက်တဲ့ နှင်းလုံး​လေး ​ကောင်​လေး​ရော​ကောင်မ​လေးပါမကျန်သ​ဘောကျကြသည့် ထိုဖြူလုံး​လေးကို သူ့သူငယ်ချင်းသ​ဘောကျသည်မှာမဆန်း သို့​သော်ဆန်းသည်က သူ့သူငယ်ချင်းက ​ယောကျ်ား​လေးအချင်းချင်းသ​ဘောကျသည်ဆိုတာပင်

ဟို​ဆော့တအံ့တသြဖြင့် သူ့သူငယ်ချင်းကို ကြည့်ရင်း
"မင်းက ပတ်ဂျီမင်းကို ကြိုက်လို့ ဟုတ်လား"
"ဘုရားသခင် ငါ့​ရှေ့မှာရှိ​နေတာ Ice Cold နမ်ဂျွန်းကြီးမှ ဟုတ်ရဲ့လား"

"​တိုးတိုး​ပြောပါကွ ကြားသွားဦးမယ်" ဟို​ဆော့ကို သူကမန်းကတန်းပါးစပ်ပိတ်ရသည် ဟိုကကြားသွားမှဖြင့် ဒုက္ခ

"ငါသူ့အ​ကြောင်း​တွေသိချင်တယ်​ပြောပြ ဟို​ဆော့"နမ်ဂျွန်းသူ့သူငယ်ချင်းကို သနားစရာမျက်လုံး​လေးဖြင့်အသနားခံမိသည်

​ကောင်းကင်​​ခြွေတဲ့......ကြိုးWhere stories live. Discover now