7☁️

318 29 0
                                    

🍁Unicode🍁

အပြာ​ရောင်ကား​လေးက အ​ဝေး​ပြေးလမ်းမ​ပေါ်မှာ တရိပ်ရိပ်​ပြေး​နေသည် ကားထဲမှာ​တော့ ငြိမ်သက်​နေကြသူနှစ်ဦးရှိ​လေရဲ့
"I knew I loved you then

But you'd never know

'Cause I played it cool when I was scared of letting go
I know I needed you
But I never showed
But I wanna stay with you until we're grey and old
Just say you won't let go
Just say you won't let go"

James Arthur ရဲ့သီချင်း​လေးက ကားထဲမှာ လွင့်ပျံ့ရင်း နမ်ဂျွန်းတစ်​ယောက် သက်ပြင်းချမိသည် ကိုယ်က​ရော မင်းအနားမှာ ဆံဖြူသွားကျိုးတဲ့အထိ ရှိခွင့်မရဖူးလားငယ်...

​ဘေးနားက​ကောင်​လေးက​တော့ အပြင်ကရှုခင်း​တွေ​ငေး​​မောရင်း သူ့ကိုမသိချင်​ယောင်​ဆောင်​နေတာမို့ သူရင်နာရပါသည်
​ရှေ့ဆက်ရမယ့် ခရီးကြမ်း​တွေမှာ ဒီ​ကောင်​လေးမမုန်းဖို့ ထွက်မသွားဖို့ သူအများကြီးလုပ်ရဦးမည်

"ဂျီမင်း..... ကိုယ်တို့​ရောက်ပြီး ၁ပတ်​လောက်​နေရင်​စေ့စပ်ကြမယ်​နော် ကိုယ်စီစဥ်လိုက်မယ် ကိုယ်​​ကျောင်းပြီးရင် မင်္ဂလာပွဲလုပ်ကြမယ်​လေ မ​ကောင်းဖူးလား"

"အင်း သ​​ဘော​လေ"

လှည့်​တောင်မကြည့်ပဲ​ပြောလာသည့်သူ စိတ်ဝင်စားမှုမရှိခြင်းကို အသံတိတ်​ဖော်ပြသွားတာများ ပိရိလိုက်တာ က​လေးရယ်

"​ကျောင်းက နှစ်ဝက်တက်ပြီးရင်ပြီးပြီဆို​တော့​လေ ​ကျောင်းပြီးရင်ဘာသင်တန်းတက်မှာလဲ ကိုယ်ဘာစုံစမ်း​ပေးထားရမလဲ"

"တက်ချင်တာက ၃ခု​လောက်ရှိတယ် Engineering နဲ့ဆိုင်တာ၂ခုရယ် ဘာသာစကားသင်တန်းရယ် ပြီး​တော့ ကျွန်​တော် သင်တန်း​တွေတက်ဖို့ မြို့ထဲမှာ သူငယ်ချင်း​တွေနဲ့ တိုက်ခန်းငှား​နေမယ် အန်တီ​လေးကိုဝိုင်း​ပြော​ပေး ခင်ဗျား​စောင့်​ရှောက်​ပေးပါ့မယ်​ပြောရင် အန်တီ​လေးလက်ခံလိမ့်မယ်"

"တိုက်ခန်းငှား​နေလို့ ဖြစ်ပါ့မလား ငယ်ရယ် ကိုယ်တို့အိမ်မှာလိုက်​နေမလား မြို့ထဲနဲ့နီးတယ်​လေ ဒါမှမဟုတ်ကိုယ် အ​ဖေ့ကို​ပြောပြီး ကွန်ဒိုတခန်းဝယ်လိုက်ရမလား ကိုယ်ပါလိုက်​နေမယ်​လေ"

​ကောင်းကင်​​ခြွေတဲ့......ကြိုးWhere stories live. Discover now