Special 11:3

451 104 33
                                    

Special 11:3

" ခွေးနောက်လိုက် ငါ့ကို ရေသွားဝယ်ပေးစမ်း "

သူတို့ရည်ညွှန်းသည့်ခွေးနောက်လိုက်ဆို
သူက Cyrus ကိုဖြစ်သည် ။ Cyrus ရဲ့ဆုပ်ထားသည့်လက်သီးသည် ပေါက်
ထွက်တော့မတတ် ။ Cyrus ရဲ့ မျက်လုံးသည် အတန်း၏ အရှေ့ဆုံး သို့ အလိုလိုရောက်သွားသည်။ သူတို့ရှိနေရာ အတန်းနောက်ဆုံးနှင့် ဝေးတဲ့နေရာမှာ ထိုင်နေတဲ့
အဲ့ကောင်တွေ ။

Hakan ကောင်းစားတဲ့အချိန်တုန်းကကျတော့ Hakan ကို ဖားယားကာ Hakan ကျွေးသမျှကို ပေးသမျှကို အငတ်အပြတ်တွေလို မြိုစို့ကြသည့်ကောင်တွေက အခုတော့ Hakan ဘက်ကို လှည့်တောင်မကြည့် ။
Hakan ကိုခွာထုတ်သွားကြသည်။ Hakan ကသာ သူတို့လို မျှော့တွေကို ခွာထုတ်လိုက်ရတဲ့အတွက် ဝမ်းသာရမှာ ။ ဘာလို့သူတို့က စိတ်သက်သာ ရတဲ့အပြုံးမျိုး ပြုံးနေကြရတာလဲ ။

သစ္စာဖောက်ကောင်တွေ!

Cyrus ဘယ်နှစ်ကြိမ်မြောက် တောက် ခေါက်ပြီးပြီမှန်းမသိပေမဲ့ အညိုအမည်းစွဲနေတဲ့သူ့မျက်နှာပေါ်ကို နောက်ထပ်လက်သီး တစ်လုံးပစ်ကျလာသည်။Mars သည် စားပွဲပေါ်တွင်ထိုင်ကာဒူးထောက်ထားသော  Hakan ရဲ့ပခုံးပေါ် ခြေထောက်တစ်ဖက်ကို တင်ထား၏ ။

" ဘာကို အံကြိတ်ပြီး တောက်ခေါက်နေတာလဲ ။ မင်းသခင်ကို အားကိုးနေတုန်းလား ။ အဲ့ကောင်အခု အခွံကြီးဖြစ်သွားပြီ "

ရာစုနှစ်ထိတိုင်အောင် ခိုင်မြဲမည်ဟုထင်ခဲ့ရသည့်Hakan တို့မိသားစုရဲ့ Hex ကုမ္ပဏီသည် အချိန်ခဏအတွင်း
ဒေဝါလီခံသွားခဲ့ရပြီး Hakan ရဲ့အဖေသည် ယခုလက်ရှိတွင် အကြွေးတွေကြောင့် ထွက်ပြေးနေရသည်။
Hakan ကုမ္ပဏီထက်ပိုပြီး စီးပွားရေးလောကထဲထိုးဖောက်နိုင်လာသည့် Heir ကုမ္ပဏီက Mars ရဲ့မိဘတွေပိုင်ဆိုင်သည့်ကုမ္ပဏီဖြစ်သည်။ အချိန်တိုအတွင်းမြောက်များစွာဖြစ်ပျက်သွားခဲ့​ပြီး Hakan သည် လူတိုင်းရဲ့ခြေရင်းတွင် ခြေသုတ်ဖတ်တစ်ခု
လိုဆက်ဆံခံရသည်။
အထူးသဖြင့် Mars ဆီမှာ။

ဘယ်လိုပင် Mars က သူတို့ကိုရိုက်နှက်နေအနိုင်ကျင့်နေသော်လည်း အတန်းထဲကလူများ ကျောင်းရှိဆရာများက ဒါဟာ ဖြစ်သင့်သည့်အရာတစ်ခုလို လျစ်လျူပြုထားသည်။ 'ဝဋ်ခံနေရပြီ ကောင်းလိုက်တာ ' ဆိုပြီးတော့များ သူတို့စိတ်ထဲတွေးနေကြမလား ။

Avi & ZeroWhere stories live. Discover now