special 11:7

395 90 19
                                    

Special 11:7

Zero နဲ့ Avi လိပ်ခေါင်းမြွေနဲ့ထိပ်တိုက်ရင်ဆိုင်ပြီးကတည်းက ပိုလို့တောင် အထူးဂရုစိုက်ကာ ကျောင်းထဲမှ ထွက်လာခဲ့သည်။
အဲ့ဒီ့နောက်ပိုင်းတော့ သူနဲ့ zero တို့ ဘာမှ တိုက်ပွဲမှ ထပ်မတွေ့ရတော့ဘဲ အေးဆေးစွာထွက်လာနိုင်ခဲ့သည် ။ တကယ်လို့သတ္တဝါဆန်းတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရရင်လည်း avi တို့အနေနဲ့ လုံအောင် ပုန်းအောင်းနေနိုင်ခြင်း
ဖြင့်ကျော်လွှားနိုင်ခဲ့သည်။

Avi ရဲ့စွမ်းရည်က မှော်နှင့်ပတ်သက်တာ တစ်ခုခုဖြစ်မည်ဟု Avi ခန့်မှန်းထားသည်။အဘယ်ကြောင့်ဆိုသော် ဟိုလက်မောင်းအိုးကောင်နဲ့ တိုက်နေတုန်းက သူအသုံးပြုခဲ့တဲ့မှော်ပညာကြောင့် ဖြစ်လေသည်။ အရမ်းလွယ်ကူနေလို့ သံသယဝင်ခဲ့ရာမှပြန်စိစစ်ကြည့်တော့ သူ့ကိုယ်သူ မှော်ပညာရှင်အဖြစ်ပြောင်းလဲသွားကြောင်း သံသယဝင်နိုင်ခဲ့သည်။

ခန္တာကိုယ်ပြောင်းလဲမူက သိပ်မသိသာရခြင်းမှာ ထိုကာလတွေတုန်းက zero ကိုစောင့်ရှောက်ပေးဖို့ကိုသာ ရှေ့တင်ထားတာကြောင့် သတိမထားမိခြင်းဖြစ်မည်။

သူ့အနေနဲ့ ပင်ပန်းနေမူကိုသာ ခံစားရသည်။
ကောင်းကောင်းအနားမယူရသေး၊စွမ်းရည်သည်လည်းထွက်ပေါ်လာတာမကြာသေး။အ အခုလက်ရှိကြုံတွေ့နေရသော အခြေအနေကြောင့် ပင်ပန်းခြင်းလည်း ဖြစ်နိုင်ပေမဲ့ Black magician တစ်ယောက်အဖြစ်ပြောင်းလဲလာခြင်း လည်းဖြစ်နိုင်သည်။
Avi အနေနဲ့ Black magic ကိုနောက်တစ်ခါ ထပ်၍ မသုံးချင်တော့ ။ တောတွင်းဝိညာဥ်ကို အဖြူရောင်မှော်ဖြင့် ခေါ်ရမည့်အစား အနက်ရောင်မှော်ဖြင့် ခေါ်လိုက်ပြီးသည့်နောက်ပိုင်းတွင် သူ့အနေနဲ့ နောက်ထပ်တစ်ခါလောက်သာ အနက်ရောင်မှော်ကို ထပ်သုံးမိရင်
အနက်ရောင်မှော်ပညာရှင်အဖြစ်သာ ပြောင်းလဲသွားလိမ့်မည်ဟုထင်မိသည်။

အနက်ရောင်မှော်ကိုအသုံးပြုသူများဆီသို့ ဘယ်သောအခါမှ ကောင်းမွန်ခြင်းတို့ရောက်မလာနိုင်။ ဒါကိုသူကောင်းကောင်းသိသည်။

" ခင်ဗျားကသာ သတိထားနေလို့ပြောတာအပြင်မှာတော့ ဘာမှဖြစ်နေတဲ့
ပုံမပေါ်ပါဘူး "

Avi & ZeroWhere stories live. Discover now