Special 11:29

322 29 11
                                    


မြေပြင်ကနေ အောက်သို့ဆွဲချခံလိုက်ရသည်။မြေကြီးထဲအတင်းတိုးဝင်နေရသလို ခံစားလိုက်ရပြီးခဏမှာ သူရောက်နေသည့်နေရာမှာ ပြောင်းလဲသွားကြောင်း သိလိုက်ရသည်။ ခုနကနဲ့မတူတဲ့နေရာတစ်ခုမှာ သူရောက်နေပေမဲ့ မျက်စိရှေ့တွင်တော့ အနက်ရောင်ဝဲဂယက်တစ်ခုကို တွေ့လိုက်ရသည်။

Sam နဲ့ Tom သည် အခုထိမူးဝေနေသေးတဲ့သူ့ကို ထိုဝဲဂယက်ထဲသို့တွန်းထုတ်လိုက်သည်။

ဒီတစ်ခါမှာတော့ သူ့
ဦးခေါင်းထက်ကနေ လေစုပ်စက်စုပ်ယူခံလိုက်ရသည့်ခံစားချက်မျိုး ခံစားပြီးသည့်နောက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ခဏလေးအတွင်းမှာပဲ စုပ်ယူခံလိုက်ရသလို ဆွဲချခံလိုက်ရတာကြောင့် သူ့ပုံစံမှာစုတ်ပြတ်နေမည်မှာ သေချာသည်။ Hakan လည်းသူ့လောက်တော့မဆိုးပေမဲ့ သူ့နီးနီးခံရခက်နေကြောင်း မြင်နေရသည်။

ဝဲဂယက်ကို ဖြတ်သွားရသည့် အချိန်သည်စက္ကန့်ပိုင်းမျှသာ ။သို့သော် ထိုအချိန်လေးအတွင်း၌ ပုံတွေထဲမှာသာမြင်ဖူးသည့် နဂါးငွေ့တန်းဂလက်ဆီတွေနှင့် ကြယ်အစုအဝေးတွေကို ဖြတ်ခနဲ
မြင်ခဲ့ရသလိုပင်။

ပြီးနောက်... ။

ရပ်နေသည့်နေရာမှ ရောက်နေသည့်နေရာကို ဝေ့ကြည့်လိုက်သောအခါတွင်မူ။

ဘယ်တော့မှ အပြင်မှာလက်တွေ့ မြင်
ရမည်ဟု မထင်ထားသည့်အရာတွေ၊ အိမ်မက်ထဲ အတွးထဲတောင်မှ မတွေးဖူး၊ မမက်ဖူးသည်များကို ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။

မင်းတို့စဥ်းစားဖူးကြလား။

တစ်နေ့ငါတို့ရပ်တည်နေရတဲ့ မြေကြီးတွေဟာအပိုင်းပိုင်းကွဲအက်ပြီး အက်ကြောင်းတွေကအသူရာချောက်နက်လို အဆုံးကိုမမြင်ရတာမျိုး။

မီးလောင်နေခြင်းမရှိ၊
မီးခိုးငွေ့တွေလေထုထဲ မရောနှော
ပါဘဲနဲ့ ငါတို့မြင်နေရတဲ့၊ရှူနေရတဲ့လေထုတွေကို မျက်လုံးနဲ့ တိုက်ရိုက်မြင်နေရတာမျိုး။

အစိမ်းရောင် ဆိုတဲ့စိမ်းလန်းမူရဲ့သင်္ကေတကိုဘယ်နေရာမှာမှမတွေ့နိုင်တာမျိုး။

You've reached the end of published parts.

⏰ Last updated: Dec 02, 2022 ⏰

Add this story to your Library to get notified about new parts!

Avi & ZeroWhere stories live. Discover now