Special 11:18
ဒါဘယ်နေရာလဲ ။
Asher စဥ်းစား၍မရခဲ့။
သူဘယ်နေရာကို ရောက်နေခဲ့တာလဲ ။
အရှေ့နဲ့အနောက်တွင် သူ့ရဲ့ယိမ်းထိုးနေသော နွယ်ပင်တွေကလွှဲပြီး ဘာမှမရှိနေ ။
သူမှတ်မိတဲ့နောက်ဆုံးအချိန်မှာ သူ
ဘာလုပ်နေခဲ့သလဲ ။Lucy ကိစ္စနဲ့ ပတ်သက်ပြီး Jude တို့ Otis တို့နဲ့ ပြသာနာတတ်သည်။ သူစိတ်ရှုပ်၍ ထိုလူအုပ်ထဲက ထွက်သွားသည့် အချိန်နောက်ပိုင်း
သူဘာမှမမှတ်မိတော့ ။ဒီနေရာက ဘယ်နေရာလဲ ။ မြင်သမျှ မြင်ကွင်းတိုင်းသည် မြူတွေဆိုင်းနေ၏ ။
မြူတွေကြားမှာ သူတွေ့ရသည်က သိသိသာသာယိမ်းထိုးနေသော သူ့ရဲ့ နွယ်ပင်များသာဖြစ်သည်။မျက်စိနှင့်မြင်ကာ မယုံကြည်နိုင်သည့်ပြသာနာပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ဖူးသူဖြစ်တာကြောင့် စိတ်ငြိမ်ငြိမ်ထားလိုက်၏ ။
ပြီးနောက် ဂျက်ကတ်နဲ့အုပ်ကာ ခါးကြားထိုးထားသည့် လျှို့ဝှက်အထူးဖုန်းကို ထုတ်ကာ
နံပါတ်တစ်ခုကိုဆက်မိသည် ။ မထူးခြား ။ ထို့အတွက်ကြောင့် ကင်မရာအသေး
ကိုဖွင့်ကာ အင်္ကျီရင်ဘတ်၌ ထိုး၍ မှတ်တမ်းတင်ထား၏ ။နွယ်များသည် Asher ရဲ့ အင်္ကျီလက်အတွင်းမှထွက်လာကာ အပြင်ရှိအန္တရာယ်များအား တိုက်ခိုက်ဖို့ရန် အသင့်ဖြစ်နေကြသည်။ မြွေ
သဖွယ်ခေါင်းပြုထွက်လာသည့် နွယ်များသည် Asher ရဲ့အပေါ်ပိုင်း ခန္တာကိုယ်တစ်ခုလုံးကို ရစ်ပတ်ထား၏။Asher သည် အပင်များကို လိုသလိုထိန်းချုပ်နိုင်ခြင်းဟုဆိုသည်ထက် သူ့ရဲ့သွေးကြောများထဲမှ ခိုင်ခံ့သည့် နွယ်များကို အလိုရှိသလောက်ထုတ်ယူနိုင်ခြင်းသည် အဓိကစွမ်းရည်ဖြစ်သည်။