Special 11:22

195 51 6
                                    

Special 11:22

" Silas!Silas!! "

Jude သည် Otis ကိုထမ်းထားရင်းနဲ့ငုတ်တုတ်မေ့နေသော Avi နာမည်ကိုခေါ်နေ၏ ။ Lucilia က Avi ကိုလက်မောင်းကနေ မ,ဆွဲ၍ နေရာကအတင်းထခိုင်းကာ သူမအနောက်ကနေ လိုက်စေသည် ။ Avi က သတိမေ့နေခြင်းမဟုတ်သည့်အတွက်
ကြောင့် Jude ခေါ်သည့်အချိန်တွင် ထရပ်လိုက်ပြီး Lucilia ဆွဲမ,လိုက်သည့်အချိန်တွင် အလိုက်သင့် ရပ်ပေးလိုက်နိုင်သည်။ သူ့မှာအသိရှိနေသည်။သို့သော် ခန္တာကိုယ်ကမလှုပ်ရှားနိုင်ပေ။

" ဝုန်း "

Avi ကျောပေးထားသည့် အနောက်ဘက်မှ ဗုန်းခနဲပေါက်ကွဲသံသည် ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့သည်။ပေါက်ကွဲအားက ပြင်းတာကြောင့် အဝေးသို့ပြေးနှင့်ပြီး
ဖြစ်သောAvi တို့ကို ထပ်​လွင့်သွားစေ​သည်။

ပေါက်ကွဲမူပြီးနောက် ငြိမ်သက်သွားသည်။နားစည်ကွဲလောက်သည်အထိ အသံကျယ်ကျယ်ကြားရပြီးနောက်တွင် တိတ်ဆိတ်မူသည် လူတိုင်းနှင့် စိမ်းသက်နေသည်။

" Silas မင်းထနိုင်လား "

Avi ခေါင်းငြိမ့်လိုက်ပြီး သူ့ဘာသာသူမတ်တပ်ထရပ်လိုက်၏ ။

" Nigel သူက " Jude သည် ပြောစရာရှိသည့်
အကြောင်းကို အချိန်မနှောင့်ဘဲ ပြောချင်သည့်ပုံရ၏ ။သို့သော်လည်း တုံ့နှေးနေသည်။Nigel ကသူတို့အားလုံးကို ကယ်တင်သွားခြင်းကြောင့် ဖြစ်ပါလိမ့်မည်။

" သေပြီမလား "

ပြောရခက်နေသည့် Jude ရဲ့စကားကိုသူအစားပြောပေးလိုက်သည် ။

" မဟုတ်..."

" ဒါဆို ပေါက်ကွဲသွားတာလား "

" အဲ့လို မဟုတ်ဘူး "

လုပ်ပါ၊အားလုံးသိပြီးသား အဖြေတွေပဲ။
မလိမ်ဘဲ တည့်တည့်ပြောလိုက်စမ်းပါ။

"  သူ့အရေပြားတွေတစ်စဆီပျော်ကျလာတာကို ငါမြင်ခဲ့တယ် "

Jude သည် ဆက်မပြောတော့ ။

" ခင်ဗျား ထွက်မလာခင် သူ့အရေပြားတွေကတစ်ဖတ်ချင်းဆီ ပျော်ကျနေတာကိုမြင်ခဲ့မယ်။ ခင်ဗျားက သူ့ကို ငါမင်းကိုပြန်လာကယ်ပါ့မယ်လို့ နှုတ် ကတိပေးခဲ့တယ်။ ခင်ဗျားဒီနေရာကို ရောက်ရောက်ချင်းမှာပဲ မန္တာန်စည်းကပေါက်ကွဲသွားခဲ့တယ် ။အဲ့ဒီ့လိုဖြစ်သွားတယ်မလား။ "

Avi & ZeroWhere stories live. Discover now