Special 11:20
ဒီလောက်တွေကို ကြေညက်အောင်ဝါးစားရမယ် ။ ကြေကြေညက်ညက်လေးဖြစ်အောင် ဝါးမယ် ။
အခုအချိန်မှာ သူ့ပုံစံဘယ်လိုဖြစ်နေမလဲ ။
တစ်ချက်ဝါးလိုက်တိုင်း တစ်ဖောက်ဖောက် နဲ့
သူ့ပါးစပ်ထဲမှာ လောက်ကောင်တွေ ပေါက်ထွက်သွားတာကို သူခံစားရတယ်။ လောက်တွေက ချိုတာလား ။ မဟုတ်ဘူး ခါးတဲ့လောက်တွေလည်း ရောနေတယ် ။ သူဝါးတယ် ၊ ထပ်ခါထပ်ခါ ကြေညက်အောင်ဝါးတယ် နောက်ဆုံးမှာတော့ သူအသက်ရှူနိုင်သွားပြီ။ဒီ စောက်သုံးမကျတဲ့ကမ္ဘာကြီးမှာလည်းငါမနေချင်တော့ဘူး ။ တစ်ခုပဲ ၊ လောက်တွေက အရမ်းစားကောင်းတယ်။ကောင်းလွန်းလို့သူ့ကို ဝဲတစ်ခုက စုပ်ယူသွားသလိုတောင် ခံစားလိုက်ရတယ်။ဒီကမ္ဘာကြီးက ပျက်စီးသင့်ပြီ။
မျက်တောင်တစ်ဖျတ်အတွင်းမှာ...။
သူ့ရဲ့လက်တွေခြေတွေကို ဖိချုပ်ထားတာတွေမရှိတော့ဘူး ။ Mars က ဘာတွေကြံစည်နေပြန်သလဲ ။ Mars ၏ ခြေထောက်သည် သူ့ခေါင်းပေါ်တွင် ဖိနှိပ်ထားဆဲဖြစ်ပြီး ယခင်လောက် အားမရှိတော့ ။
ပြီးနောက်...။
ပြီးနောက်...Mars သည် ထိတ်လန့်ဖွယ်သတင်းကို ကြားလိုက်ရသည့်အလား ထိုနေရာမှ ထွက်ပြေးသွားသည်။ ဒီ ကျယ်ဝန်းလှသည့် ခန်းမဆောင်အပျက်ထဲတွင် Mars ထွက်ပြေးသွားပြီးနောက်သူတစ်ယောက်တည်းကျန်ခဲ့၏ ။
ကျန်တဲ့သူတွေရော... ?
ရိုက်နှက်ခံထားရမူကြောင့် သေချာမဖွင့်နိုင်သည့်မျက်လုံးများကိုမှေးရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။
သူ့လှဲနေသည့်ညာဘက်ခြမ်းတွင် အနက်ရောင်ရေဝဲတစ်ခု ပေါ်လာသည်။ သူ့ကိုလာထိသမျှအရာအားလုံးကို စုပ်ယူချင်နေသည့်ပုံပင်။ထူးဆန်းမူများနှင့်မေးခွန်းများစွာကြား အသက်ရှင်သန်ခြင်မူက ပိုပြီးများပြားသည်။
ထူးဆန်းတဲ့ တိရိစ္ဆာန်တွေ...
ထူးဆန်းတဲ့ ပျော်ရွင်မူ...
ဝဲဂယက်ထဲမှ ထွက်လာသည့် အရာများကို ကြည့်ရင်း သူ မခံစားဖူးတဲ့အရာတစ်ခုကို
ခံစားလာရသည်။ ကြောက်ရွံ့ထိတ်လန့်ရမည့်အစား ကျေနပ်မူတွေက အစားထိုးဖြစ်လာခဲ့သည်။ ဒီကမ္ဘာက ပျက်စီးတော့မှာလား?