Special 11:21

261 68 45
                                    

Special 11:21

" Hakan က သူလျှိုပဲ "

Lucilia ၏ ကျယ်လောင်သော အော်ဟစ်သံသည် Avi နောက်ဆုံးကြားလိုက်ရသည့် စကားတစ်ခွန်းဖြစ်သည်။ သူ့နားနှစ်ဖက်လုံးသည် အူနေကာ ဘာအသံမှ ထပ်၍မကြားရတော့။

avi သူ့နားနှစ်ဖက်ကို လက်နှင့်တင်းကြပ်စွာပိတ်ဆို့လိုက်ရင်း ခေါင်းကို ခပ်ပြင်းပြင်း ခမ်းလိုက်သည်။ နားထဲနားဖားချေးကပ်နေရင်တောင် မြန်မြန်ထွက်အောင်လို့ ခါချနေသည်။ သူ့ရဲ့ပုံစံက ဒီ ထူးဆန်းတဲ့အခြေအနေအတွင်းမှာ နတ်ဝင်ပူးနေသည့် သူလို ဆတ်ဆတ်ခါနေလိမ့်မည်။

နားအတွင်းတွင် ဖမ်းမမိသော ရေဒီယိုလိုင်းများကဲ့သို့ တဂျစ်ဂျစ် သာမြည်နေသည်။ သူ့ရဲ့အာရုံကိုလည်း ပြင်းပြင်းထန်ထန်အနှောင့်အယှက်ပေးနေ၏ ။

ဘာလို့လဲ?

Nigel သည် သူ့ပခုံးကို ကိုင်ကာ လှုပ်ယမ်းနေသည်။ သူ့ရဲ့အရူးဆန်နေမူကို မေးခွန်းထုတ်နေခြင်း ဖြစ်လောက်မည်။
သူ့ခန္တာကိုယ်က သူ့ကို အနားယူဖို့ရန်
အချက်ပြနေခြင်းဖြစ်မည်။

နားပိတ်ထားသည့် လက်တစ်ဖက်ကို မြှောက်၍ ကျန်လက်တစ်ဖက်ဖြင့် နောက်ထပ်နားတစ်ဖက် နားထင်ကို ပြင်းပြင်းလေးသုံးချက်လောက်ရိုက်လိုက်သည်။ ​ဗြောက်ထနေသော တီဗွီကို တဖန်ပြန်လိုင်းမိစေရန် ရိုက်လိုက်သကဲ့သို့ သူ့နားကိုလည်း သူပြန်ရိုက်လိုက်သည်။ အသံများကို ပြတ်ပြတ်သားသားပြန်ကြားရပြီဖြစ်သည်။

Nigel ရဲ့အသံကိုလည်းကြားရသလို ယခုလက်ရှိအချေအတင်ဖြစ်နေသည့်အကြောင်းကိုလည်းကြားရသည်။

သူ့ကို စကားပြောချင်နေသည့် Nigel ကို လက်ကာပြကာ တားဆီးလိုက်ပြီး Hakan ရဲ့ စကားကိုနားထောင်နေ၏ ။ အရှေ့ပိုင်း အတွင်း avi မကြားလိုက်ရသည့်အကြောင်းများရှိတာကြောင့် တစ်ဝက်တစ်ပြက်ကနေစနားထောင်လိုက်ရသည်။

တစ်ဝက်ကစနားထောင်စေကာမူ
လွယ်လွယ်ကူကူပင် နားလည်သွားရသည်။
ဇာတ်လိုက်Hakan သည် သူလျှိုဖြစ်နေခြင်းဟု Lucillia ဆိုလိုခြင်းကိုလည်းနားလည်သွားသည်။

နားမလည်သည်က ဇာတ်လိုက်မသည် Avi ရဲ့အရှေ့ တွင်ရောက်ရှိနေခြင်းဖြစ်သည်။
Lucilia က သူတို့အားလုံးထက်ပင် Hakan ကိုရန်လိုနေပုံရပေမဲ့ Lucilia
လက်ထဲကမီးတောက်ကတော့ မီးခြစ်ဆံအရွယ်လောက်သာရှိတော့သည်။

Avi & ZeroWhere stories live. Discover now