တွေ့ကြုံလာရသည့် သတ္တဝါဆန်းတွေက Avi တို့သတ်သလောက်ပိုများလာသလိုခံစားရသည်။ ဘယ်လောက်သတ်သတ် သူတို့က ပိုးမွှားတွေလိုပဲ ။အမြဲတမ်းနေရာတိုင်းမှာရှိနေပြီး အမြဲတမ်းစိတ်အနှောင့်အယှက်ပေးနေတယ်။
Avi တို့အခုဦးတည်နေတဲ့နေရာက ဖွင့်တာသိပ်မကြာသေးတဲ့ဂိတ်ပေါက်တစ်ခုဆီကိုပဲ။ အခုဆိုဂိတ်ပေါက်တွေက အရင်ကထက်ပိုများလာပြီး မထင်ထားတဲ့နေရာတိုင်းမှာ သူ့အလိုလိုပွင့်လာခဲ့တယ်။ သူတို့သုံးယောက်လုံးရဲ့ တည်နေရာပြနာရီမှာ ပေါ်နေတဲ့ ဝဲဂယက်ကမှိန်ဖျော့သေးတာကြောင့် ပေါ်တာသိပ်မကြာသေး လို့သူတို့သတ်မှတ်လိုက်ရတာပင်။
ဒီနေ့က Avi အတွက်ကံဆိုးသည့်နေ့ပင်။
သဲတွေကြားထဲကနေ မြွေတစ်ကောင်ထွက်လာပြီးအကိုက်ခံရမလိုဖြစ်သည်။ အန္တရာယ်မရှိလို့သတ်မှတ်ထားတဲ့ ရန်သူကောင်တစ်ကောင်ရဲ့တိုက်ခိုက်မူကိုခံရကာသေမလိုဆဲဆဲ ဖြစ်ခဲ့သည်။သူ့ရဲ့မှော်အစွမ်းက သုံးနေရင်းနဲ့ ရုတ်တရက်ဓာတ်အားပြတ်တောက်သွားသလို သုံးမရဖြစ်သွားခဲ့သည်။ဒီခရီးတိုလေးအတွင်း သူသေမလိုလိုဖြစ်သွားတာအခါခါပင်။နောက်ဆုံးမှာတော့ အန္တရာယ်ပေါင်းမြောက်များစွာကိုကျော်ဖြတ်ပြီးနောက် သူတို့ရဲ့ဦးတည်ရာ ဂိတ်ပေါက်ကိုရောက်လာခဲ့ပြီဖြစ်သည်။ ဋ္ဌာနချုပ်က Jude ကို ဂိတ်ပေါက်တွေကိုသိမ်းဖို့ သီးသန့်ထည့်ပေးထားတဲ့ ဘူးတစ်ခုကို Jude ကထုတ်လာသည် ။ လက်သီးဆုပ်လောက်ပဲ ရှိတဲ့ဘူးလေးဟာ Jude ဖွင့်လိုက်သည်နှင့် အလိုအလျောက် သူ့အရှေ့ရှိ ဂိတ်ပေါက်ကို ဖုန်စုပ်စက်လိုမျိုးအစမကျန်အောင် စုပ်ယူသွားလေသည်။အားလုံးကိုစုပ်ယူပြီးသွားတော့ သေတ္တာဟာသူ့အလိုအလျောက်ပိတ်သွားပြီး သေတ္တာရဲ့အောက်ခြေတွင် အစိမ်းရောင်နွယ်များက ထွက်လာကာ ဘူးကိုအကာတစ်ခုနှယ် ပိန်းပိတ်အောင် အုပ်ကာလိုက်သည်။ ထိုနွယ်များက Asher ရဲ့နွယ်များနှင့်အနည်းငယ်ဆင်သော်လည်း လုပ်ဆောင်နိုင်စွမ်း တူသည့်ပုံမပေါ်။
Jude သည်ထိုသေတ္တာကိုသိမ်းဆည်းလိုက်သည်။ ဒီလိုနည်းနဲ့ သူတို့ မြေပုံတွင်ပေါ်သမျှ ဂိတ်ပေါက်များအားလုံးကိုသိမ်းဆည်းရာမှာဖြစ်ပြီး အခုသူတို့သွားရာ၏ခရီးအဆုံးသည် အခြားဋ္ဌာနတစ်ခုဖြစ်သည်။ သူတို့လမ်းတစ်လျှောက်သိမ်းလာသော ဂိတ်ပေါက်များကို ထိုဋ္ဌာနတွင်ပြန်အပ်ရမှာဖြစ်ပြီး တာဝန်သည် ဤတွင်ပြီး၏။ ဆက်မရှိတော့ပေ။ ထိုဋ္ဌာနကိုရောက်မှ ညွှန်ကြားချက်အသစ်ထပ်ရမည်ဟုပြောသည်။ သူတို့ကို အသက်ရှင်သန်ဖို့သိပ်မမျှော်လင့်ထားပုံရသည်။နောက်ထပ်တာဝန်တွေကိုမပြောပြသလိုမခိုင်းထားပေ။ဒီတာဝန်တွင် အသက်ရှင်မှသာနောက်တစ်ခုလာလိမ့်မည်။အခုတော့ သူ့ရှေ့မှာ ဝဲပျံလာသည့် ဧရာမပုစဥ်းကောင်ရဲ့အတောင်ပံကို ချိုးချပစ်ဖို့အားထုတ်နေလေသည်။