Special 11:13
Author - vainတစ်ညတာသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။
မနက်ရောက်တာနှင့် ခရီးဆက်သည့် သူတို့အတွက် Nigel သည် လမ်းပြတစ်ကောင်လို
အသုံးဝင်၏ ။ Nigel အန္တရာယ်ကင်းသည်ဆိုသည့်ဘက်ကို သူတို့ရွေးသွားသည်။ avi သာ မမှားလျှင် nigel ညွှန်သည့် ဒီလိုအန္တရာယ်ကင်းတဲ့လမ်းအတိုင်း ဆက်သွားနေလျှင်...သေချာပေါက်တွေ့လိမ့်မည်။သူရှာနေတဲ့အရာကိုပေါ့။" ဒါနဲ့ Nigel မင်း Hakan တို့ကို
တွေ့မိသေးလား "ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ဖို့ရန်အဆင်ပြေနေပြီဖြစ်သည့် zero က Nigel ကိုမေးလိုက်၏ ။မေးခွန်းသည်မပြည့်စုံသော်ငြား ဘာကိုမေးချင်မှန်း Nigel သိသည်။
" ဟင်အင်း ငါတစ်ယောက်တည်းပဲ "
ဒီတစ်ခါတော့ Avi မေးလိုက်သည်။
" အဲ့ဒီ့တုန်းကဘယ်လိုဖြစ်ခဲ့သလဲ သေချာရှင်းပြပေးနိုင်မလား Nye-gel "
Nigel သည် ခေါင်းကိုငုံ့လိုက်ပြီး သူ့ရဲ့လက်မနှစ်ခုကို အချင်းချင်းပွတ်တိုက်နေ၏ ။ Nigel သည် အလုံးစုံ ပြောဖို့ရန်ကို တွန့်ဆုတ််နေသည်။
" ရတယ် Nigel မင်းအဆင်မပြေရင် ပြောလည်းရတယ် "
Zero သည် Nigel ရဲ့ပခုံးကို လက်တစ်ဖက်တင်ကာ နှစ်သိမ့်ပေးရင်း ပြောလိုက်၏။ထိုသို့ပြောလိုက်သော်လည်း Zero သည်သူသိချင်သည်ကိုမသိလိုက်ရ၍ မချင့်မရဲဖြစ်နေတာကိုမြင်လိုက်သည်။
Nigel ပခုံးပေါ်ရှိ Zero ရဲ့လက်ကို avi ပုတ်ချလိုက်ပြီး nigel ရဲ့ ပခုံးနှစ်ဖက်ပေါ်တွင် လက်ကို တင်ကာ သူ့ဘက်သို့ ဆွဲလှည့်လိုက်၏ ။ အကြည့်ရှောင်ဖယ်နေသော Nigel ရဲ့မျက်လုံးများကို avi မရရအောင် လိုက်ဖမ်း၍
" Nye-gel "
ချိုသလိုနဲ့ရှကာတိုးညှင်းသည့်avi အသံသည် Nigel ရဲ့နာမည်ကိုခေါ်လိုက်၏ ။သူ့ရဲ့အသံသည် ရှင်းလင်းစွာဖြင့် Nigel နားထဲသို့ရောက်သွားခဲ့သည်။
" ဒီအကြောင်းတွေကို ငါတို့ သေချာသိထားမှ
အသက်ဆက်ရှင်နိုင်မှာလေ "Nigel သည် Avi ပြောသည်အား နားလည်ကြောင်း ခေါင်းညိတ်ပြသည်။Avi မှဆက်ပြီး