Special 11:19

214 57 14
                                    

Special 11:19

Otis ရဲ့အသံကိုကြားလိုက်ရသည်။ Otis က သူ့ကိုရှာနေကြောင်းသိလိုက်ရသလို Otis သည် သူ့ကို ကူညီပေးနိုင်လိမ့်မည်။
ဒါပေမဲ့ Otis က ဟိုပျံဒီပျံမှ လွှဲ၍ မည်သည့်အရာမှာမှ သုံးစားမရ။

" မင်းတို့က ဘာတွေလဲ? "

ဘာကို... ဘာတွေ Asher နားလည်အောင် ဆက်မစဥ်းစားတော့ဘဲ လက်ကိုအသင့်အနေအထားဖြင့် တစ်ဖက်လူကို တိုက်ခိုက်ရန်အသင့်ပြင်ထား၏ ။ နောက်ထပ်ကျရောက်လာမည့် တိုက်ခိုက်မူတွေအတွက် သူလုံလောက်အောင်ပြင်ဆင်နှင့်ပြီး ဖြစ်သည်။ တုက်ရိုက်မှတ်တမ်းတင်ထားပြီး တိုက်ရိုက်အသံသွင်းထားသည်။အကယ်၍ သူဒီနေရာမှာသေသွားခဲ့ရင်တောင် ဘာဖြစ်သွားခဲ့သလဲဆိုတာ နောက်လူတွေသိစေရမည်။ အချည်းနှီးသေဆုံးမူမဖြစ်စေရ။

တဖျစ်ဖျစ်အသံမြည်နေသည့် မီးတောက်များသည် တော်တန်ရုံမဟုတ် ။ သူ့အနားတွင် မြူများရှင်းနေပြီ ။ ဒီတော့ သူ ပုံရိပ်ယောင်နှင့်ထပ်မတွေ့နိုင်တော့။ ဓားမြှောင်ဖြင့်
တိုက်ခိုက်နေခြင်းကသာ အဆက်မပြတ်ဖြစ်နေပြီး တစ်ဖက်က တိုက်ခိုက်သူတွေကိုဖြင့် Asher မမြင်နိုင်။ တစ်ဖက်လူမှ

" မင်းတို့ဘာတွေမှန်း ငါသေချာမသိပေမဲ့ ငါတို့လိုချင်တဲ့အရာ မင်းဆီမှာရှိနေမှန်းတော့ သိထားတယ် "

" စကားရှည်မနေနဲ့ လိုရင်းကိုသွား "

နောက်ထပ်မတူညီသည့်အသံတစ်ခု ကို Asher သေချာပေါက်ကြားလိုက်ရသည်။
ပြီးတော့ အဲ့အသံလားရာက သူ့ရဲ့အနောက်မှာဖြစ်သည်။အသံနှစ်ခု၊ထို့ကြောင့် လူနှစ်ယောက်ပေ။တစ်ယောက်က ပုံရိပ်ယောင်မြူကိုထုတ်နိုင်သည်။ကျန်တစ်ယောက်ကတိုက်ခိုက်မူနှင့်မီးကိုထုတ်လုပ်နိုင်သည်။

Asher သူ့ရဲ့ဂုတ်ပိုးတွင်အေးစက်မူကို ခံစားလိုက်ရသည့်အတွက် အမြန်အနောက်လှည့်ကြည့်ခဲ့ပေမဲ့မည်သည့်အရာမှ ရှိမနေ ။

သူ့ရဲ့ သွေးကြောအတွင်းသို့ လှည့်ပတ်ကြည့်လိုက်၏ ။ နွယ်များသည် သိပ်သုံးဖို့မကျန်တော့ ။ အစကတည်းက အသုံးပြုနိုင်သည့် နွယ်တစ်ဝက်ကို အခြားတစ်ခုအား ကာကွယ်စေဖို့ ထားထား​ခြင်းကြောင့်
သူသုံးနိုင်သည့်ပမာဏမှာ ပုံမှန်ထက်နည်းနေသည်။ ပုံမှန်ထက်နည်းသည့် ပမာဏကိုမှ တိုက်ခိုက်ခြင်းတွင် အသုံးပြုခဲ့ခြင်းကြောင့် သူ့မှာ သိပ်ကျန်မနေ ။

Avi & ZeroWhere stories live. Discover now