Special 11:5

427 112 44
                                    

Special 11:5

သူ့ရဲ့ တံခါးက ပျက်တောင်သွားပြီ။အထဲကနေ ခပ်ကြမ်းကြမ်းဖွင့်လိုက်၊ အပြင်ကနေ အညှာအတာမဲ့တွန်းလိုက် ၊ ဝင်ဆောင့်လိုက်နဲ့ ပျက်သွားတာ သိပ်ပြီး မဆန်းကြယ်ပါဘူး ။

ဒီကျောင်းနေရာကနေအမြန်ဆုံးထွက်သွား
သင့်သည်။ ဝဲဂယက်ရှိနေသည့်နေရာများသည် အန္တရာယ်အများဆုံးဖြစ်ပြီး ထိုဝဲဂယက်ထဲမှ ထူးဆန်းသည့် သတ္တဝါများထွက်လာတတ်ကြသည်။ ဒီနေရာကထွက်ခွာသင့်တယ်ဆိုပေမဲ့ ကုတင်ပေါ်က အိပ်နေဆဲကောင်နိုးလာမှဖြစ်လိမ့်မည်။ အဲ့ကောင်မနိုးခင်အထိတော့ ဒီနေရာမှာပဲ သူတောင့်ခံပြီးနေရမယ်။

Class 3 အကောင်တွေမရှိတော့ရင်တောင်မှ ဝဲဂယက်ထဲကထွက်ထွက်လာတဲ့ ထူးဆန်းသတ္တဝါတွေက ကြောက်မက်ဖွယ်ရာ နှောင့်ယှက်မူကိုပေးသည်။ သူ့လိုclass2လေး
ယှဥ်နိုင်သည့်အခြေအနေတွင်မရှိ။ အပြင်ဘက်ကနေ ထူးဆန်းတဲ့အသံကြားပြီဆိုတာနဲ့ လုပ်နေသည့်အရာတွေအားလုံးငြိမ်သက်ကာအသံတစ်စက်မထွက်စေရန်သတိထားနေရသည်။

ဝဲဂယက်ထဲက သတ္တဝါဆန်းတွေထွက်လာပြီဆိုသည်နှင့် သူတို့လုပ်သည့်လုပ်သည့်လုပ်ရပ်မှာ ထိုဝဲဂယက်၏ ဆန့်ကျင်ဘက်အရပ်သို့ သွားခြင်းဖြစ်သည်။

Avi ကုတင်ပေါ်မှာ အခုအချိန်ထိသွေးတစ်စက်မစွန်းဘဲ သက်သောင့်သက်သာနေနေရသည့်အကောင်ကိုမနာလိုဖြစ်လှသည်။
သုံးရက်ရှိပြီ။ အိပ်ကောင်းတုန်း ။
သေဆဲကျေဆဲ အိပ်ရင်းနဲ့သေမဲ့ကောင်။

Avi အောက်သို့တစ်ဖက်နိမ့်နေသည့်တံခါး
အ​ခြေတွင်ခံဖို့ သစ်သားတုံးဖြစ်ဖြစ် ဘာဖြစ်ဖြစ်ဆိုပြီး လိုက်ရှာပေမဲ့ နောက်ဆုံးတွင်ဘာမှမတွေ့ ။ ထို့ကြောင့် သူဒီမနက်ကပင် လတ်လတ်ဆတ်ဆတ်သတ်ထားသည့် Class 3 ကောင်ရဲ့လက်တစ်ဖက်ကိုသာ ကောက်ယူလာပြီး တံခါးအောင်တွင်ခုထားလိုက်သည်။အပြင်ဘက်ရှိမြင်ကွင်းကို ကြည့်ချင်စိတ်တောင်မရှိ။ သွေးညှီနံ့၊ချွေးနံ့၊ ပုပ်အဲ့အဲ့အနံ့ ၊ အနံ့ပေါင်းစုံဖြင့်
သူ့အနံ့သူတောင်ပြန်မရှူချင်။

Avi ခုံပေါ်တွင် ထိုင်ကာ စားပွဲတွင်တင်ထားသည့် ရေသန့်ဘူးကိုတစ်လှည့် ကုတင်ပေါ်တွင်သေနေဆဲ zero ကိုတစ်လှည့် ၊
တစ်လှည့်ဆီကြည့်လိုက်သည်။ ဒါသူ့ဆီမှာကျန်တဲ့ နောက်ဆုံးကျန်တဲ့ရိက္ခာ ။ သူအပြင်သို့ထွက်၍ ရှာဖူးပေမဲ့ ဘာမှမတွေ့။ zero ကြောင့်သိပ်ပြီးဝေးဝေးလံလံသွားလို့မရတာက ပိုဆိုးသည်။ဒီလိုဖြစ်မယ်မှန်းသာ သိလို့ကတော့ အစကတည်းက ရှိသမျှပိုက်ဆံတွေကို အစားအစာဝယ်ဖို့ပဲ သုံးပစ်ပါတယ်။
အခုတော့ရေသန့်ဘူးတစ်ဘူးနဲ့သူဘယ်လိုခရီးဆက်မလဲ ။

Avi & ZeroWhere stories live. Discover now