Special 11:9

359 89 23
                                    

Special - 11:9

ဒါပေမဲ့လည်း ဒီတိုင်းအသေခံလိုက်တာက ကိုယ့်ကိုယ်ကိုယ်သတ်သေတာနဲ့အတူတူပဲ။

" ခင်ဗျားက ဒီနေရာရဲ့နတ်ဘုရားလား "

နတ်ဘုရား ၊ avi သူပြောခဲ့သည့်စကားကို သူစိတ်ထဲမှာ ပြန်ရယ်လိုက်၏ ။ ဒီအဆောက်အဦးကောင်ကို နတ်ဘုရားဟုခေါ်ဆိုပေးလိုက်ခြင်းဖြင့် တစ်ဖက်သူသည်သူ့ကိုယ်သူ အထင်ကြီးမိသွားကာ တစ်ကွက်လောက်တော့လွတ်သွားနိုင်မည်။ အရေးကြီးသည်က avi ထိုတစ်ကွက်ကို အမိအရဖမ်းနိုင်ဖို့ပင်။ ခန့်မှန်းချက်တွေဖြင့်တောက်လျှောက်အလုပ်လုပ်ခဲ့ရသည့်အတွက်ကြောင့် သူ့ရဲ့ခန့်မှန်းတွက်ဆချက်များသည် တကယ်ဖြစ်လာမည်နှင့်နီးစပ်လာသည်။

" နတ်ဘုရား ဟင်းဟင်း...နတ်ဘုရားရယ်လို့တော့မဟုတ်ပါဘူး "

အဆောက်အဦးကောင်ရဲ့အသံသည်ကွန်ကရစ်လိုမာနေဆဲ ဖြစ်ပေမဲ့ စကားပြောဆိုပုံက မတူညီတော့ ။

" ဒါပေမဲ့ခင်ဗျားက ဒီနေရာဒီအဆောက်အဦး
ရဲ့ နတ်ဘုရားတစ်ပါးလေ "

avi ရဲ့ ချီးကျူးမြှောက်ပင့်ခြင်းသည် အသုံးဝင်လာသည့်ပုံ ဖြစ်တာကြောင့် ပို၍တောင် မြှောက်ပင့်ပေးလိုက်၏။

" ဒါပေမဲ့ ခင်ဗျားက ဒီအဆောက်အဦးရဲ့ထုထည်တွေထဲ နံရံတွေထဲမှာ ဘာလို့ သရဲတစ်ကောင်လိုရှင်သန်နေသေးတာလဲ "

Avi ကဆက်ပြီး

" နတ်ဘုရားတစ်ပါးဟာ နတ်ဘုရားတစ်ပါးလိုပဲ တောက်ပစွာတည်ရှိသင့်တယ်"

" အင်း မင်းပြောတာလည်း မှန်တာပဲ "

Avi  အသံမာထွက်လာသည့် ဘက်သို့မျက်နှာမူကာပြုံးပြလိုက်သည်။သူထင်ထားသလို အသုံးကျလာပြီဖြစ်သည်။

" ခင်ဗျား ဘာလို့များ ပုန်းအောင်းနေရသလဲ "

" ငါမင်းတို့အရှေ့ကိုထွက်လာရင်ကောင်းမလား "

သူထင်တဲ့အတိုင်း ဒီကောင်က ငတုံးတစ်ကောင်၊ လှည့်ကွက်မိလွယ်သည်။ လိမ်ရလွယ်သည်။ သည့်အပြင် အမြှောက်အပင့်ကိုနှစ်ခြိုက်သေးသည်။

" တရားမျှတမူရဲ့နတ်ဘုရားတစ်ပါးရဲ့ပုံကို ကျုပ်မမြင်ဖူးသေးတာတော့ သေချာတယ် "

Avi & ZeroWhere stories live. Discover now