Special 11:4

466 119 25
                                    

Special 11:4

လျစ်လျူရှုကို ဘယ်လောက်ပဲအာဂုံဆောင်နေပါစေ။နောက်ဆုံးတော့ သူကြည့်မနေနိုင်တော့ ။ဒီလောက်အေးတဲ့ရာသီဥတုထဲမှာ အဝတ်ဗလာနဲ့ပတ်ပြေးနေသေးသည်။

Zero နောက်ကိုမီအောင် သူအနောက်က ပြေးလိုက်လာခဲ့သည်။ လေကို ဆန်တတ်ကာ ပြေးနေရခြင်း ဖြစ်တာကြောင့် သူ့ရဲ့ရင်ဘတ်သည် လေတစ်ချက်ခတ်တိုင်းအေးခနဲ ဖြစ်ကာထုံကျင်သွားသည်။

နောက်ဆုံးတွင် လိပ်လို ပြေးနေသည့် ထိုခွေးတိရစ္ဆာန်ကို သူမီသွားခဲ့သည်။ စကားပြောမယ်လို့တောင်မကြံစည်ရသေး ။ အနောက်သို့လန်ကျသွားတာကြောင့် Avi ပြေးဖမ်းလိုက်ရသည်။ အဝတ်မဝတ်ထားသော Zero ရဲ့ ခန္တာကိုယ်အပေါ်ပိုင်းသည် ချစ်ချစ်တောက်ပူနေပြီး ချွေးစေးများလည်း ထွက်နေသည်။ လက်ဖျားများသည်လည်း အေးစက်နေလျက် ။

Zero ကို ကျောတွင်ပိုးကာ ဆေးပေးခန်းထဲသို့ နောက်တစ်ကြိမ်ပြန်ပြေးရပြန်သည်။

ပေါက်ပြဲဒဏ်ရာများနှင့် ဖူးယောင်နေသည့် အသားပိုများသည် စိတ်ညစ်ညူးစရာ။
သတိမျှင်းမျှင်းရတိုင်း Hakan နာမည်ကို တိုးတိုးညည်း၏ ။အကြမ်းဖျင်းသာ ကုသပေးထားသော Zero အား လုံလောက်သည့် ဆေးကုသမူတောင် မပေးရသေး။ ဆေးပေးခန်းတံခါးကို တဒုန်းဒုန်း ထုရိုက်သံကြောင့်လည်ပင်းတွင်ချိတ်ထားသော Stethoscope ကို ချကာ တံခါးကိုဖွင့်ရန်သွားသည်။

ကျယ်လောင်တဲ့ တံခါးထုရိုက်သံသည် သူ့အားအလိုလို သတိထားစေသည်။

တံခါးဖွင့်ဖို့သွားရင်း သူ့အနောက်မှာရှိတဲ့
ပြတင်းပေါက်အပြင်ဘက်ကို အမှတ်မထင် လှည့်ကြည့်မိလိုက်တဲ့အခါ ကွင်းထဲတွင် မည်သူ့ကိုမှ မတွေ့ ။ ဒီအချိန်က ကာယအချိန်မဟုတ်ဘူးလား ? ဘာလို့ကျောင်းသားတွေမရှိတာလဲ ? အခြားအချိန်တွေသာ မမှတ်မိရင်နေမယ်။ အရမ်းအလုပ်ရှုပ်ရတဲ့ ကာယအချိန်ကိုတော့သူမှတ်မိသည်။ zero အိပ်နေသည့် လူနာကုတင်ကို တန်းရှိ လိုက်ကာများဆွဲကာ ဖုံးထားလိုက်သည်။

Avi သူ့ရဲ့ ဆေးပေးခန်းကိုတစ်ပတ်ဝေ့ကြည့်လိုက်သည် ။အခန်းထဲတွင် အသုံးဝင်တာတစ်ခုမှ ရှိမနေ ။ သေလိုက်ပါတော့လား ။
Avi သူထိုင်နေကျ နောက်မှီကုလားထိုင်ကို အရင်ဆွဲယူလိုက်ပေမဲ့ ခဏအကြာ ပြန်ချထားလိုက်ပြီး ကျောင်းသားတွေ ထိုင်ဖို့လုပ်ထားသည့် တစ်ယောက်ထိုင်ခုံကို ဆွဲမလိုက်သည်။

Avi & ZeroWhere stories live. Discover now