Unicode
ငယ်ငယ်ထဲကတီဗွီတွေသတင်းစာတွေထဲမှာပဲမြင်ဖူးခဲ့တဲ့အိမ်တော်ကြီးကိုမြင်နေရတာမို့ဘတ်ခ်ဟျွန်းအများကြီးစိတ်လှုပ်ရှားမိတာဝန်ခံပါသည်။
တောင်ကိုရီးယားနိုင်ငံရဲ့ဘုရင့်အိမ်တော်ထဲဝင်ဖို့ဆိုတာ ဘတ်ခ်ဟျွန်းငယ်ငယ်ထဲကစိတ်ကူးတောင်မယဥ်ရဲခဲ့။ရုတ်တရက်ဆိုသလို အိမ်ရှေ့စံရဲ့ကြင်ယာတော်အဖြစ်ဘုရင့်မျိုးနွယ်ကလက်ခံခဲ့သည်ကယောက်ျားလေးတစ်ယောက်။ထိုသူကဘတ်ခ်ဟျွန်း
ဘတ်ခ်ဟျွန်းနန်းတွင်းနဲ့ပတ်သက်လို့သိတာက တစ်ခုတည်း...အဲ့တာက ကျွန်တော့်ထက်ခြောက်လငယ်တဲ့နိုင်ငံခြားကိုပညာတော်သင်သွားနေတယ်ဆိုသည့်ဘုရင့်သားတော်အိမ်ရှေ့စံရဲ့အကြောင်းအချို့....ဒါကလဲသတင်းစာတို့တီဗွီတို့ကမြင်ဖူးတာနည်းနည်း အထက်တန်းနဲ့တက္ကသိုလ်အထိသူငယ်ချင်းမိန်းကလေးတွေဆီကကြားခဲ့ရနည်းနည်းနဲ့သိခဲ့ရတဲ့အိမ်ရှေ့စံအကြောင်း..
"မင်္ဂလာပါဗျ...ကျွန်တော်ကပင်မနန်းဆောင်ရဲ့တာဝန်ခံ ကင်ခါအီပါ"
ဆိုဖာပေါ်မှာထိုင်ပြီးဟိုကြည့်ဒီကြည့်လုပ်နေတဲ့ဘတ်ခ်ဟျွန်းနားကိုလာပြီး မိတ်ဆက်တဲ့အသက်ငယ်ငယ်လူတစ်ယောက်။
"ဟုတ်ကဲ့...ကျွန်တော်ဗြောင်ဘတ်ခ်ဟျွန်းပါခင်ဗျ..."
"ဟုတ်ကဲ့ ကြင်ယာတော်ကိုစောင့်ခိုင်းထားရတာ တောင်းပန်ပါတယ်။ကျွန်တော်တို့အစည်းအဝေးတစ်ခုအတွက်ပြင်ဆင်စရာလေးရှိနေလို့ပါ..."
ဘတ်ခ်ဟျွန်းလိုဘူချွန်းမှာကြီးပြင်းခဲ့တဲ့လူတစ်ယောက်အတွက်အရမ်းယဥ်ကျေးလာတဲ့ဒီလိုတော်ဝင်အသုံးအနှုန်းအမူအယာတွေကတစ်ခုမှစိတ်သက်သာရာမရစေဘူး။ ဆိုးလ်မြို့ပေါ်ကလူတွေတောင်မရင်းနှီးနိုင်တဲ့အသုံးအမူအယာတွေပါလို့ ဘတ်ခ်ဟျွန်းကိုယ့်ကိုကိုယ်ဖြေသိမ့်လိုက်သည်။
"ကြွပါခင်ဗျ..."
ရှေ့ကနေ လမ်းပြအနေနဲ့လျှောက်သွားတဲ့ ကင်ခါအီဆိုသည့်ဒီအဆောင်ကြီးရဲ့တာဝန်ခံက အရပ်ရှည်ရှည်ခပ်ချောချောဖြစ်သည်။ဝတ်ထားတဲ့ဝတ်စုံအနက်ရောင်နဲ့လည်းလိုက်ဖက်သည်။ရင်ဘတ်နားမှာထိုးထားတဲ့ တော်ဝင်တံဆိပ်ရင်ထိုးကြီးက လူရှိန်စရာကောင်းလွန်လှပါသည်။ဆံပင်ကိုသေသေချာချာဖီးကာ ဆီဝင်းနေသည့်ဆံသားတို့ကလည်းကြည့်ကောင်းပြန်သည်။ပြောင်လတ်နေသည့်ရှူးဖိနပ်အနက်လေးရဲ့ဒေါက်ခနဲဒေါက်ခနဲအသံတို့ကလည်းတစ်ချက်နှင့်တစ်ချက်ညီနေသည်ကြောင့်လမ်းလျှောက်တာကအစတရိန်နင်ပေးထားသည့်တပ်သားတစ်ယောက်လို....
![](https://img.wattpad.com/cover/275334614-288-k647611.jpg)
ESTÁS LEYENDO
ANONYMOUS
FanficWill you and my love be under the heading of anonymity? 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗣𝗿𝗲𝘀𝗲𝗻𝘁 𝗙𝗼𝗿 𝗠𝘆 𝗕𝗲𝘀𝘁 𝗙𝗿𝗶𝗲𝗻𝗱 𝘼𝙚𝙧𝙞𝙆𝙯𝙩