{7}

637 153 16
                                    

Unicode

ဟိုတစ်နေ့ကအမူအယာကရိုင်းတယ်။တော်ဝင်မျိုးနွယ်တစ်ယောက်အနေနဲ့.....

ပြောချင်တာသာပြော နားလဲမထောင်ဘူး။ ဒီဘက်နားကဝင်ဟိုဘက်နားကထွက်ပဲ...ကျွန်တော့်ဘဝမှာ ဟျွန်းလောက်အရေးကြီးတဲ့အရာမှမရှိတာ...ရှိလာစရာအကြောင်းလဲမရှိဘူးလေ

"ပြီးပြီလား ပြောလို့...။ပြီးရင် ကျွန်တော်နားချင်နေပြီ"

အဖြေကိုစောင့်မနေတော့ပဲ ကုတ်အင်္ကျီလေးကိုပခုံးပေါ်တင်ကာ မွေးသမိခင်အခန်းထဲကနေ ချန်းယောလ်ထွက်လာခဲ့သည်။

အဆောင်ပြန်မယ့်လမ်းမှာတွေ့ရတဲ့ အမနဲ့ယောက်ဖကိုမမြင်ချင်ယောင်ဆောင်လိုက်ပြီးဆက်လျှောက်လာတော့

"အိမ်ရှေ့စံ...နှစ်နိုင်ငံချစ်ကြည်ရေးညစာစားပွဲမှာအဆင်မပြေခဲ့ဘူးဆို"

ယောက်ဖဖြစ်သူရဲ့စကားသံကြောင့် ချန်းယောလ်နောက်ပြန်လှည့်လိုက်ကာ လက်ထဲက ကုတ်အင်္ကျီကို ဘေးကအစ်ကိုမင်ဆော့ဆီပေးလိုက်သည်။

"အင်း အဆင်မပြေရလောက်တဲ့အထိသူတို့ဘက်ကစကားပြောတာက အချိုးမပြေလို့"

"အိမ်ရှေ့စံကအမျိုးသားအတွက်နဲ့ဒီလောက်ထိကာကွယ်ဖို့လိုလိုလား။ပြီးတော့ သူလဲဂျပန်စကားမှနားမလည်တာ။အိမ်ရှေ့စံကာကွယ်နေလဲ အပိုပဲမဟုတ်လား"

"ဒါဆို ကျွန်တော့်အမလဲ ကပ္ပလီစကားနားမလည်ဘူး။ ခင်ဗျား ကပ္ပလီမနဲ့ဖောက်ပြန်မလား...သူမသိဘူးလေ ခင်ဗျားလိမ်လိုက်လို့ရတာပဲ။အစ်ကိုလဲ​နိုင်ငံအတွက်ရင်းနှီးလိုက်စမ်းပါ"

နောက်ကနေ ခွီကနဲရယ်လိုက်မိတဲ့မင်ဆော့တောင်သူ့ကိုယ်သူမနည်းထိန်းလိုက်ရသည်။

မျက်နှာပျက်သွားတဲ့ယောက်ဖဖြစ်သူရဲ့မျက်လုံးကိုတည့်တည့်ကြည့်လိုက်ပြီး

"ကျွန်တော်က သူများတွေလိုရှေ့တင်ချစ်ပြတတ်တာမဟုတ်ဘူး။ကွယ်ရာလဲ သစ္စာရှိတယ်"

ဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး ချန်းယောလ်အဆောင်ဘက်ကိုဆက်လျောက်လာခဲ့သည်။

တံခါးဖြေးဖြေးချင်းဖွင့်လိုက်တော့ အစ်ကိုဂျွန်​မြောင်သင်ပေးနေတဲ့ ရိုးရာဝတ်စုံစနစ်တကျဝတ်နည်းကိုသေသေချာချာလိုက်မှတ်နေတဲ့ ကျွန်တော့်ရဲ့ဟျွန်းကိုတွေ့သည်။သူ့ထက်ကြီးတဲ့ဝတ်ရုံကြီးတကားကားနဲ့အလုပ်ရှပ်နေတဲ့ ဟျွန်းကိုနောက်ကနေလှမ်းဖက်လိုက်သည်။

ANONYMOUS Where stories live. Discover now