{4}

777 171 14
                                    

Unicode

"ထည့်စားနော် သားလေး"

"ညီမလေးကရော မေမေ"

"သူ့သူငယ်ချင်းအိမ်မှာစာသွားကျက်တယ် သားငယ်ရဲ့"

"အော်"

ဘတ်ခ်ဟျွန်းမေမေနဲ့စကားပြောရင်း လက်တွန့်နေတဲ့ချန်းယောလ်ပန်းကန်ထဲ အရိုးနွှင်ပြီးသားငါးဖက်လေးတွေထည့်ပေးလိုက်သည်။

"သားတို့စားလိုက်ကြတော့ မေမေနေသိပ်မကောင်းလို့နားတော့မယ် ဟိုသားလေးနှစ်​ယောက်လဲထည့်စားနော်"

ဘတ်ခ်ဟျွန်းနဲ့​ချန်းယောလ်ရော အထိန်းတော်အကိုနှစ်ယောက်ရော ခေါင်းငြိမ့်ပြလိုက်သည်။မေမေကတော့ အခန်းထဲကိုဝင်သွားသည်။

"ဟျွန်း...မောင်ငါးမကြိုက်ဘူး"

"ငါးဆိုတာအရိုးအဆစ်သန်မာတယ်။ဒါကြောင့်စားပေးရတယ်။ရော့"

ငါးအရိုးနွှင်ပြီးသားတွေကိုထပ်ပြီးထည့်ပေးတော့ နှုတ်ခမ်းလေးဆူပြီးသက်ပျင်းချလိုက်တဲ့အိမ်ရှေ့စံ

"အစားရွေးရင် ကျွန်တော်မကြိုက်ဘူးနော် မောင်"

"အင်း စား..စားမယ်"

မျက်နှာချင်းဆိုင်ကမင်ဆော့နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။အိမ်ရှေ့စံငယ်ငယ်လေးထဲက ညီလေးတစ်ယောက်လိုအနားမှာနေပေးလာရတာ။ကိုယ့်ထက်သုံးနှစ်သာငယ်တဲ့အိမ်ရှေ့စံအဖော်ရဖို့အတွက် အိမ်ရှေ့စံအရင်အထိန်းတော်ရဲ့သားဖြစ်တဲ့မင်ဆော့ကိုလဲ အိမ်ရှေ့စံနဲ့အတူတူနိုင်ငံခြားမှာကျောင်းတက်ဖို့မိဖုရားကြီးကစီစဥ်ခဲ့သည်။​မင်ဆော့ဖခင်တာဝန်ကအနားယူတော့လဲ မင်ဆော့အထိန်းတော်နေရာဆက်ခံခဲ့ရသည်။

အိမ်ရှေ့စံရဲ့အကြိုက်တွေကိုတစ်ရေးနိုးတောင်မှတ်မိတဲ့မင်ဆော့က ချန်းယောလ်ငါးမစားတာကိုလဲသိသည်။ဘယ်လိုကျွေးကျွေးမစားခဲ့တဲ့ငါးကိုကြင်ယာတော်​​​က မောင် ဆိုတဲ့စကားတစ်ခွန်းထဲနဲ့သူက ငါးစားတော့မည်ပေါ့...

"ကြိုက်လား..."

"အင်း..."

ပါးစပ်ကသာအင်းနေပေမယ့် ရုပ်ကတကယ်မအီမသာ

ANONYMOUS Where stories live. Discover now