{5}

775 154 17
                                    

Unicode

ဘတ်ခ်ဟျွန်းတစ်သက်တာမှစာမရပဲစာမေးပွဲဖြေရနေရတဲ့ရက်တွေထက်ပိုစိတ်လှုပ်ရှာစရာဒီလိုနေ့တွေရှိလာမယ်မထင်ဘူး။အခုတော့ မင်္ဂလာဝတ်စုံအနီရောင်ကြီးဟာ ဘတ်ခ်ဟျွန်းအတွက်စိတ်အလှုပ်ရှားစေဆုံးအရာတစ်ခုဖြစ်လာခဲ့ပြီ။

လက်တွေကိုဆန့်တန်းထားရုံနဲ့ဝတ်ပေးမယ့်သူအဆင်သင့်ရှိနေတဲ့ကြင်ယာတော်ဘဝမှာ ဘတ်ခ်ဟျွန်းနေသားကျနေပြီ

"မင်္ဂလာချိန်နီးနေပြီ"

အစ်ကိုဂျွန်မြောင်ရဲ့စကားကိုဘတ်ခ်ဟျွန်းစိတ်လှုပ်ရှားမှုတွေနဲ့ခေါင်းငြိမ့်ပြမိသည်။

သူနဲ့မတွေ့ရတာ ခုနစ်ရက်ရှိပြီ။နန်းတော်ရဲ့ထုံးစံတွေကိုပယ်ရှားရင်စုံတွဲတွေကွဲတတ်တယ်ဆိုတဲ့မယ်မယ့်ရဲ့စကားကြောင့် အရင်ကနန်းဆောင်ကိုချောင်းပေါက်မတတ်လာတဲ့အိမ်ရှေ့စံကို အရိပ်တောင်မမြင်ရ။

ဒီနေ့က ခုနစ်ရက်​ပြီးလို့ ပြန်တွေ့ရမယ့်ရှစ်ရက်မြောက်မနက်

"ဘတ်ခ်ဟျွန်း...လာ သွားမယ်"

ကျွန်တော့်ရဲ့ခေါင်းပေါ်ကို ပုလဲပုတီးတွေမျက်နှာရှေ့ထိကျနေတဲ့ဦးထုပ်လေးတစ်ခု​ဆောင်းပေးလာသည်။

ဟိုယှမ်းဒီယှမ်းဖြစ်နေတဲ့ပုလဲလုံးတွေကြောင့်မြင်ကွင်းကိုရှင်းရှင်းလင်းလင်းမမြင်ရ

"သတို့သားနှစ်ယောက်အပြန်အလှန်ဂါရဝပြုပါ"ဆိုတဲ့စကားရဲ့အဆုံး ဘတ်ခ်ဟျွန်းဒူး​ထောက်ထိုင်ချလိုက်သည်။

သုံးကြိမ်လောက်ဂါရဝပြုပြီးအဆုံးမှာတော့ လာဌဲ့ပေးတဲ့သေရည်ခွက်ထဲက သေရည်တွေကိုမျက်နှာလေးတဖက်ကိုလွှဲ၊လက်ကလေးအုပ်ပြီး သောက်လိုက်သည်။

စင်မြင့်ပေါ်မှာထိုင်နေတဲ့မေမေနဲ့ညီမလေးကလဲ ရိုးရာဝတ်စုံတွေနှင့်သိပ်လိုက်သည်။

မရိုးရှင်းလှတဲ့ဒီမင်္ဂလာပွဲရဲ့အဆုံးသတ်မှာ မင်းရဲ့အချစ်တွေကစစ်မှန်ရဲ့လား။ဒီအစစ်အမှန်အချစ်တွေကတကယ်လို့ယူဆလို့ရတဲ့တစ်နေ့မှာတော့ မင်းကငါ့ရဲ့အချစ်ဆုံးဖြစ်ပေးပါ။

ဘတ်ခ်ဟျွန်းကိုသူမြင်ရဲ့လားမသိပေမယ့် ဘတ်ခ်ဟျွန်းပြုံးလိုက်မိသည်။

ANONYMOUS Where stories live. Discover now