Unicode
ရေကန်အလယ်မှာစာဖတ်ရန် တည်ဆောက်ထားသောလေကောင်းလေသန့်ရသည့်ဒီအဆောင်လေးကိုဘတ်ခ်ဟျွန်းနှစ်သက်သည်။ကြာပန်းတွေအရောင်အမျိုးမျိုးနဲ့ရေလယ်ခေါင်အဆောင်လေးဘေးမှာပတ်ပတ်လည်ဝန်းရံနေခြင်းကပဲ မျက်စိပဿဒဖြစ်စေသည်။
စည်းကမ်းချက်စာအုပ်တွေဖတ်ရတာဘတ်ခ်ဟျွန်းသဘောကျတဲ့အလုပ်တွေထဲကတစ်ခုဖြစ်သည်။တော်ဝင်မိသားစုရဲ့သားမက်တစ်ယောက်အနေနဲ့ဘတ်ခ်ဟျွန်းဟာစံပြဖြစ်ချင်မိသည်။ကျွန်တော့်ကြောင့်မောင့်ကိုလူတွေအထင်သေးတာကိုမခံစေချင်တာလည်းအများကြီးပါသည်။
ထမင်းစားဝိုင်းအတွင်းလိုက်နာရမယ့်စည်းကမ်းချက်တွေကိုဖတ်နေတာကြာနေပြီမို့ ဘေးက စားပွဲမှာအစဥ်လိုက်စီထားတဲ့အောက်ဆုံးကအညိုရောင်စာအုပ်ခပ်ထူထူကိုဖွင့်လိုက်သည်။
စာအုပ်ကိုအလယ်လောက်ကစဖတ်ဖို့ဆုံးဖြတ်ပြီး စာအုပ်တစ်ဝက်လောက်ကိုလှန်လိုက်တော့ တွေ့လိုက်ရသည့်ခေါင်းစဥ်
*ဘုရင်/အိမ်ရှေ့စံတို့၏ကြင်ယာတော်ကိုစီစစ်ရွေးချယ်ထိမ်းမြှားလက်ဆက်စေခြင်း*ဆိုသည့်ခေါင်းစဥ်
ဘတ်ခ်ဟျွန်းဖတ်ကြည့်လိုက်တော့ အောက်ပါစာပိုဒ်တွေအရထိုသူသည်မျိုးရိုးအဆင့်အတန်းမြင့်မားသူဖြစ်ရလိမ့်မည်။မင်းမျိုးမင်းနွယ်(သို့မဟုတ်)တော်ဝင်အမှုထမ်း၏မျိုးနွယ်ဖြစ်ရလိမ့်မည်
ဘတ်ခ်ဟျွန်းမျက်မှောက်ကျုံ့လိုက်ရင်းအလိုမကျမှုတွေမျက်နှာမှာအထင်းသားပေါ်လာသည်။သူသည်ဘယ်မိသားစုအသိုင်းအဝိုင်းမှလဲမဟုတ်သလိုမင်းမှုထမ်းအရာရှိမျိုးရိုးလဲမဟုတ်ပါပဲမောင်ကဘာလို့ရွေးချယ်ခဲ့သည်လဲ။
စားပွဲပေါ်တင်ထားတဲ့ဆာကူရာရံနံ့လက်ဖက်ရည်ကိုတစ်ကျိုက်မော့လိုက်ပြီး စာအုပ်ကိုဆက်ဖတ်လိုက်သည်
*တော်ဝင်မျိုးဆက်ကိုမွေးဖွားပေးနိုင်သော အပျိုစင်မိန်းကလေးဖြစ်ရမည်*
ဘတ်ခ်ဟျွန်းစာအုပ်ကိုခပ်ကြမ်းကြမ်းပိတ်ပစ်လိုက်သည်။
"အဓိပ္ပါယ်မရှိတာတွေ...ချစ်နေရင်တော်ပြီလေ...ဘာစည်းကမ်းတွေမှန်းကိုမသိဘူး"
![](https://img.wattpad.com/cover/275334614-288-k647611.jpg)
ESTÁS LEYENDO
ANONYMOUS
FanficWill you and my love be under the heading of anonymity? 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗣𝗿𝗲𝘀𝗲𝗻𝘁 𝗙𝗼𝗿 𝗠𝘆 𝗕𝗲𝘀𝘁 𝗙𝗿𝗶𝗲𝗻𝗱 𝘼𝙚𝙧𝙞𝙆𝙯𝙩