{13}

547 128 19
                                    

Unicode

အိမ်ရှေ့စံရဲ့ကြင်ယာတော်ကိုနှုတ်ဆက်ချင်လို့ လို့ဆိုတဲ့အိမ်စွယ်ကမယ်မယ်ကြီးဆီသွားလိုက်သည်။

"မင်္ဂလာပါခင်ဗျ...ကျွန်တော်ဗြောင်ဘတ်ခ်ဟျွန်းပါ...."

ဘတ်ခ်ဟျွန်းဘက်ကစကားစလိုက်တော့မယ်မယ်ကြီးက ပြုံးပြပြီးဆွေးဆွေးမြေ့မြေ့ကြည့်သည်

"မျက်စိရှေ့တင်ကြီးပြင်းလာတာပဲ။နောက်ဆုံးမြင်ခဲ့တုန်းကအတော်ငယ်သေးတယ်"

"ဗျာ..."

အိမ်စွယ်ကနန်းကျမယ်မယ်ကြီးက ကျွန်တော့်ကိုမြင်ဖူးနေတယ်ဆိုတာကဘာအဓိပ္ပါယ်လဲ...

"ဒါတွေကထားပါ။အခုနန်းတော်မှာနေရတာအဆင်ပြေရဲ့လား"

"ပြေပါတယ်မယ်မယ် အခုထိနေသားမကျသေးပေမယ့် ကျွန်တော်အဆင်ပြေပါတယ်"

"အေးကွယ်...ဘဝကြီးကိုအကျိုးရှိအောင်ဖြတ်သန်းနော်။ကိုယ်မှန်တယ်ထင်တိုင်းရှင်းပြခွင့်တွေကနန်းတော်လိုနေရာမှာမရှိဘူး။ချန်းယောလ်လေးရဲ့ဘဝလက်တွဲဖော်ကောင်းဖြစ်နေရင်ကိုမယ်မယ်ပျော်ပါတယ်"

"ဟုတ်ကဲ့မယ်မယ်...ကျွန်တော်အိမ်ရှေ့စံလိုတာတွေကိုဖြည့်ဆည်းပေးနိုင်သလောက်ဖြည့်ဆည်းပေးပါ့မယ်"

"ဘတ်ခ်ဟျွန်း မင်းကိုမြေးအရင်းလေးလိုချစ်လို့သတိပေးပါရစေ။နန်းတော်ကြီးက ထိမ်းမြှားခြင်းတွေကငါ့မြေးလေးထင်သလိုမရိုးရှင်းဘူးကွဲ့...အဲ့တာလေးကိုသတိထားနော်။ပြီးတော့သူ့အဖေမင်းကြီးကနန်းလွှဲပေးနေတာတောင် ချန်းယောလ်လေးအခုထိဘာလို့နန်းတက်လို့မရသေးတာလား ငါ့မြေးသိလား"

"ဟင့်အင်း ကျွန်တော်မသိဘူး"

"ချန်းယောလ်နဲ့ငါ့မြေးလေးဆီမှာ သားသမီးရတနာမှမထွန်းကားသေးတာ။ဆက်ခံမယ့်သားသမီးမရှိရင်နန်းတက်ဖို့ဆိုတာပုံမှန်ထက်ပိုကြန့်ကြာတယ်ငါ့မြေးရဲ့။ပြီးတော့ ချန်းယောလ်လေးကလဲ စာပေနဲ့တိုက်ခိုက်​ရေး​​ဘက်ကိုလဲစိတ်မပါတော့ ဘယ်လိုမှနန်းမရနိုင်တာ။ကိုယ့်အမျိုးသားကိုယ်လဲကြည့်ပြောပါဦးငါ့မြေးရယ်။သူကနန်းမတက်ချင်ဘူး"

ANONYMOUS Where stories live. Discover now