{11}

530 125 10
                                    

Unicode

"မောင်..."

"ဗျာ..."

ချန်းယောလ်မျက်စိတောင်မပွင့်သေးပေမယ့်အသိစိတ်ကတော့ချစ်ရသူရဲ့စကားတွေကိုနာခံဖို့အသင့်ဖြစ်နေပြီဖြစ်သည်။အိပ်နေတဲ့ဘေးကိုလာပြီးချွဲနေတဲ့ကျွန်တော့်အသဲညှာလေးကို အားယူကာမျက်လုံးဖွင့်ကြည့်လိုက်သည်

"မောင် ကျွန်တော်တို့ဂျပန်ကိုနောက်နေ့မှသွားလို့မရဘူးလား"

"ဘာဖြစ်လို့လဲ ဟျွန်းရဲ့"

"ဟိုလေ...ဟို..."

ပြောရခက်နေတဲ့ဟျွန်းကြောင့်ချန်းယောလ်စကားထောက်ပေးလိုက်သည်

"ဟို ဘာဖြစ်လဲ..."

"Jongdaeရဲ့Showကဒီညလေ...အဲ့တာဟျွန်းဆီမှာTicketလဲရှိနေတာဆိုတော့ သွားချင်လို့..."

နှုတ်ခမ်းလေးဆူပြီးမျက်လုံးလေးကလည်ကလည်နဲ့ခွင့်တောင်းနေတာ တကယ့်ကိုအရည်ပျော်ချင်စရာကောင်းသည်။ဒါပေမယ့်လဲ နည်းနည်းတော့ မူထားဦးမှာပါ။လုံးဝအလျော့မပေးဘူးဆိုပြီးတော့ကိုချေချပစ်မယ်။ဟိုတစ်နေ့က လူကိုစိတ်ဆိုးသွားတာမနည်းချော့ခဲ့ရတာဆိုတော့ ဒါက ကိုယ့်အလှည့်ပဲ

"မရပါဘူး...ဒီနေ့ညနေလေယာဥ်ထွက်မှာကိုသွားရမှာပေါ့...ပြီးတော့ ဒီခရီးစဥ်မှာ မယ်မယ်တို့လဲလိုက်မှာသိရဲ့သားနဲ့..."

ခပ်ကျယ်ကျယ်လေးအော်ပေးလိုက်တော့သူက ခပ်တည်တည်မျက်နှာလေးနဲ့ ကျွန်တော့်ကိုကြည့်ပြီး

"အင်း~~ဖျက်လို့မရဘူးဆိုတော့လဲ မဖျက်နဲ့ပေါ့...ကျွန်တော်အလိုက်မသိဘူးဖြစ်သွားလို့တောင်းပန်တယ်...ညနေလေဆိပ်ဆင်းခါနီးအမှီပြန်ရောက်မယ်...ဒီနေ့စာကြည့်ဆောင်မှာလေ့လာစရာတွေများလို့..."

ကျွန်တော့်ဘေးနားကထထွက်သွားတဲ့ကြင်ယာတော်လေးဟာ စိတ်ခုသွားတာလား

ချန်းယောလ်သက်ပြင်းတစ်ချက်ခပ်ပြင်းပြင်းတစ်ချက်ချလိုက်ပြီးကုတင်ဘေးကစားပွဲပေါ်တင်ထားတဲ့ဖုန်းကိုဖွင့်ကာ အစ်ကိုမင်ဆော့ကိုဆက်သွယ်ရတော့သည်

"ဟယ်လို..."

"အမိန့်ရှိပါခင်​ဗျ..."

"ဒီနေ့ ကြင်ယာတော်ရဲ့အချိန်စာရင်းလေးတစ်ချက်ကြည့်ပေးပါ..."

ANONYMOUS Where stories live. Discover now