Unicode
"နန်းတော်ကြီးထဲကိုသွားရမယ်"ဆိုပြီးလာပြောတဲ့အစ်ကိုဂျွန်ကြောင့်ကျွန်တော်ရောမောင်ပါအိပ်ယာစောစောထလိုက်ရသည်။
နန်းတော်ကြီးဆိုတာ ပြည်သူတွေပါအလည်အပတ်သွားလို့ရတဲ့ 경복궁 (Gyeongbokgung)နန်းတော်ရာကြီးဖြစ်ပြီး ကျွန်တော်တို့ဘုရင့်အိမ်တော်ကအရေးတကြီးပွဲလမ်းသဘင်တွေ ရိုးရာကန်တော့ပွဲတွေနဲ့ ဘုရင်၊အိမ်ရှေ့စံတို့ရဲ့ထိမ်းမြှားလက်ထပ်မင်္ဂလာအခမ်းအနားတွေ ရှိမှသာသွားရတာဖြစ်သည်
ပြည်သူတွေကိုဒီလိုနေ့ဆိုနန်းတော်ရာလည်ပတ်ခွင့်အချိန်ပိုင်းပိတ်ထားမှာဖြစ်ပြီး ဘုရင့်အိမ်တော်ကနေ နန်းတော်ကြီးကိုများစွာသောအစောင့်အကြပ်တွေနဲ့သွားကြရလိမ့်မည်။
လက်ထပ်ပွဲပြီးထဲက ထပ်မရောက်သေးသော နန်းတော်ကြီးကိုထပ်သွားရဦးမည်။ဒီလိုနေ့ဆို မောင်သိပ်မုန်းတဲ့ Hanbokတွေနဲ့မောင့်ရဲ့မကြည်မသာမျက်နှာကြီးကိုတွေ့ရဦးမှာသေချာလွန်းပါသည်။
"ဟျွန်းရေ...ဒီခါးစည်းကြိုးလေးချည်ပေးပါဦး"
ဝတ်ရုံဝတ်တာကအစ ခါးစည်းချည်တာအဆုံးကြင်ယာတော်မပါဘဲပြီးသွားတယ်ဆိုတာမရှိလောက်အောင်ကိုမောင်ကနေရာတကာကျွန်တော့်ကိုလိုအပ်လွန်းသည်။
ခါးစည်းကြိုးလေးချည်ပေးလိုက်ရင်းအိမ်ရှေ့စံဝတ်ရုံနက်ပြာရောင်နဲ့မောင့်ကိုမော့ကြည့်လိုက်တော့
"ဟျွန်း ဘာလဲ မောင်ကချောလို့ကြည့်နေတာလား ဟုတ်လား"
"မောင်"
"ဗျ"
ဘတ်ခ်ဟျွန်းခါးကိုလက်နဲ့ထိန်းကိုင်လိုက်ရင်းမောင်ကမျက်ခုံးလေးပင့်ကာပြန်ဖြေလာသည်
"ဒီဝတ်စုံနဲ့မောင်ကသိပ်ခန့်တာပဲ"
"ဟျွန်းရဲ့မောင်ပဲလေ..."
"ဟုတ်လို့လား မောင်ကကျွန်တော်တစ်ယောက်ထဲဆိုတာဟုတ်လို့လား"
"ဟုတ်တာပေါ့ဗျာ မောင့်မှာချစ်စရာဆိုလို့ ဒီက မွတ်နွတ်ကွတ်ကျွတ်အသဲတုံးလေးပဲရှိတာကို"
ဘတ်ခ်ဟျွန်းပြုံးလိုက်တော့ မောင်ကပါးပြင်ကိုခပ်ဖွဖွနမ်းသည်။

YOU ARE READING
ANONYMOUS
ספרות חובביםWill you and my love be under the heading of anonymity? 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗣𝗿𝗲𝘀𝗲𝗻𝘁 𝗙𝗼𝗿 𝗠𝘆 𝗕𝗲𝘀𝘁 𝗙𝗿𝗶𝗲𝗻𝗱 𝘼𝙚𝙧𝙞𝙆𝙯𝙩