Unicode
"ဟျွန်းရေမောင့်ကို ဒါလေးလာရွေးပေးပါဦး"
ရေချိုးခန်းထဲကထွက်ထွက်လာချင်း မောင့်ရဲ့ခေါ်သံကြောင့်ဘတ်ခ်ဟျွန်းမောင့်အနားသွားလိုက်သည်။
"ဘာလိုလို့လဲ မောင်"
"ရေမွှေးနံ့လေးလာရွေးပေးပါဦး"
"အင်း ပြကြည့်"
မောင်ထုတ်ပြတဲ့ရေမွှေးတွေတစ်ခုပြီးတစ်ခုကြည့်တော့ဘတ်ခ်ဟျွန်းတစ်ခုမှသဘောမကျ
"အရမ်းအနံ့ပြင်းတယ်...အော် ခဏလေးမောင်"
ဘတ်ခ်ဟျွန်းမှန်တင်ခုံအောက်က အံဆွဲလေးကိုဆွဲဖွင့်လိုက်ကာတက္ကသိုလ်ထဲကစွဲပြီးသုံးလာတဲ့ရေမွှေးလေးကိုသွားယူလာသည်။
"ရော့ ဒါလေးသုံး မွှေးတယ်"
"ဟုတ်လို့လား"
"ဟုတ်ပါတယ် "
ဘတ်ခ်ဟျွန်းရေမွှေးလေးကို လက်ကောက်ဝတ်ကိုတစ်ချက်စွတ်လိုက်တော့ ချန်းယောလ်က လက်ကလေးကိုလှမ်းဆွဲပြီး သွေးကြောခပ်စိမ်းစိမ်းလေးတွေနားကို နှုတ်ခေါင်းလေးနဲ့တစ်ချက်လာထိသည်။
"ဟုတ်ပါ့ မွှေးတယ်နော်"
"မောင်နော်...."
"ဟားဟား ကိုယ်ကစတာပါဗျာ...ဒါနဲ့ ဒီနေ့ဂျပန်နဲ့ချစ်ကြည်ရေးညစာစားပွဲရှိတယ်။အဲ့တာလိုက်ခဲ့ရမယ်နော်"
"အင်းပါမောင်ရဲ့ လိုက်ပါ့မယ်"
"မနက်စာသွားစားမယ် အင်္ကျီလဲတော့လေ ဟျွန်း"
ဘတ်ခ်ဟျွန်းခေါင်းတစ်ချက်ငြိမ့်ပြပြီး အဝတ်လဲခန်းထဲဝင်သွားလိုက်သည်။ သူနမ်းလိုက်တဲ့လက်ကောက်ဝတ်လေးကိုကြည့်ရင်း ဘတ်ခ်ဟျွန်းပြုံးလိုက်မိသည်။
လူတစ်ရပ်စာမှန်တွေရှေ့မှာဘတ်ခ်ဟျွန်းပြုံးနေတာတော်တော်ကြာသည်ထင်...ထမင်းစားဆောင်သွားဖို့လာခေါ်တဲ့အစ်ကိုမင်ဆော့ရဲ့အသံကိုကြားမှ ဘတ်ခ်ဟျွန်းအဝတ်မြန်မြန်လဲရတော့သည်။
အဝတ်လဲခန်းထဲက ထွက်လာတော့ Dryer တစ်ခုနဲ့ မှန်တင်ခုံရှေ့မှာရပ်နေတဲ့မောင်

YOU ARE READING
ANONYMOUS
FanfictionWill you and my love be under the heading of anonymity? 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗣𝗿𝗲𝘀𝗲𝗻𝘁 𝗙𝗼𝗿 𝗠𝘆 𝗕𝗲𝘀𝘁 𝗙𝗿𝗶𝗲𝗻𝗱 𝘼𝙚𝙧𝙞𝙆𝙯𝙩