{12}

518 119 14
                                    

Unicode

ဟိုတစ်ခါတွေ့ခဲ့တဲ့ ဆာကူရာဆိုတဲ့မိန်းကလေးနဲ့ထပ်တွေ့ရခြင်းအပေါ်ဘတ်ခ်ဟျွန်းစိတ်မသက်မသာဖြစ်မိသည်။ထိုမိန်းကလေးက မောင့် ကိုဘယ်လိုရရယူမည့်ပုံပင်

ဘေးနားက မောင်က ကျွန်တော့်လက်တို့ကိုဆုပ်ကိုင်လာသည်။ကျွန်တော်စိတ်မသက်မသာဖြစ်နေတာကိုတော့မောင်ကသိပုံမပေါ်ပါ...

"ကဲ ဒါဆိုရင်နောက်လထဲအဲ့ဒီဆွေးနွေးပွဲကိုစကြတာပေါ့"

ဒီလိုနဲ့အပြီးသတ်ပြီထင်နေတဲ့စကားဝိုင်းလေးဟာ ချန်းယောလ်နဲ့ဘတ်ခ်ဟျွန်းထွက်သွားခါနီး

"အိမ်ရှေ့စံနဲ့ကြင်ယာတော်ကို ကျွန်မက နေ့လည်စာကျွေးချင်လို့ပါ"

မင်းသမီး ဆာကူရာရဲ့စကားကိုကျွန်တော်လုံးဝသဘောမကျပေမယ့်

"လိုက်သွားလိုက်ပါ ခမည်းတော်တို့ ဒီမှာပဲနေ့လည်စာစားရင်းစောင့်နေမယ်"

ဆိုတဲ့ဘုရင်ရဲ့အမိန့်ကို ကျွန်တော်ရော မောင်ရောဘယ်လိုငြင်းမတုန်း

---------------------

"ဒီဟင်းတွေက ကျွန်မကိုယ်တိုင်စီစဥ်ခိုင်းထားတာ"

"အော် ဟုတ်ကဲ့ ကောင်းကောင်းသုံးဆောင်ပါ့မယ်ခင်ဗျ"

ဟင်းတွေက ဘာကိစ္စတစ်ယောက်နဲ့တစ်ယောက်မတူရတာတုန်းလို့ဘတ်ခ်ဟျွန်းတွေးလိုက်မိသည်။လူတစ်ယောက်ကိုကိုယ်ပိုင်ဟင်းခွက်တွေနဲ့ သီးသန့်စားရတာလဲဂျပန်စတိုင်ပဲလားလို့ ဘူချွန်းပြန်တော့မှ ပင်မင်းဆိုင်က ဦးလေးကိုသွားမေးရမည်။

"အိမ်ရှေ့စံရဲ့ ကြင်ယာတော်ကနန်းတွင်းမျိုးရိုးမဟုတ်ဘူးထင်တယ်။ဂျပန်နဲ့ ကိုရီးယားက ဒီလောက်တောင်နှစ်နိုင်ငံချစ်ကြည်ရေးတွေရှိနေတာကို...ဂျပန်စကားမပြောတတ်ဘူးဆိုတာက နည်းနည်းတော့..."

"ကျွန်တော်ချစ်လို့ရွေးချယ်ခဲ့တဲ့လူတစ်ယောက်ဟာ သူများအမြင်မှာပြည့်စုံနေစရာမလိုဘူးလေ...ကျွန်တော်အမြင်မှာသူဘာလုပ်လုပ်လက်ခံပေးနေနိုင်တယ်ဆိုရင်ပဲ ဒါဟာအချစ်ပါ...နှလုံးသားနဲ့ရွေးချယ်ခဲ့တဲ့အိမ်ထောင်ဘက်ဖြစ်တာကြောင့် ဦးနှောက်နဲ့ရွေးချယ်မယ့်သူတွေရဲ့အိမ်ထောင်ဘက်တွေနဲ့ယှဥ်ရင် ကျွန်တော့်ကြင်ယာတော်ဟာလိုအပ်ချက်တွေအများကြီးရှိိနေနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော့်နှလုံးသားရဲ့ဆန္ဒကိုဦးစားပေးခဲ့တာမို့ ကျွန်တော်က ဦးနှောက်ကိုဦးစားပေးခဲ့တဲ့သူတွေထက် ပိုစိတ်ချမ်းသာရတယ်"

ANONYMOUS Where stories live. Discover now