Unicode
ဘတ်ခ်ဟျွန်းနန်းဝတ်နန်းစားတွေနဲ့နေရထိုင်ရခက်ခဲသော်လည်းရအောင်ကြိတ်မှိတ်နေခဲ့သည်။
"ကျွန်တော့်အနေနဲ့ပြောချင်တာက သားတော်က အရမ်းငယ်တော့တဲ့အရွယ်လဲမဟုတ်သလို ပညာစုံလို့ကြင်ယာရှာရမယ့်အရွယ်ရောက်နေပါပြီ။ဒါကြောင့်သားတော်ကျောင်းမပြီးခင်ကတည်းက ကျွန်တော်တို့အနေနဲ့ သားတော်နဲ့လိုက်ဖက်မယ့်လူလိုက်ရှာခဲ့တဲ့အခါမှာတွေ့ခဲ့ပါတယ်။သားတော်ရဲ့ဆန္ဒအရရော တော်ဝင်မိသားစုရဲ့လက်ခံမှုအရရော ကြင်ယာတော်ဗြောင်ရဲ့သဘောတူညီချက်အရ ခြောက်လပိုင်း၁၄ရက်နေ့ကို မင်္ဂလာရက်အဖြစ်သတ်မှတ်ပြီးထိမ်းမြားပေးဖို့စီစဥ်ထားပါတယ်"
မီဒီယာသမားတွေရှေ့မှာကြောက်စိတ်တို့ကြီးစိုးမိပေမယ့်ဘေးနားကထိုင်နေတဲ့သူက လက်ဖဝါးတွေကို နုနုညံံ့ညံ့ဆုပ်ကိုင်ထားတာမို့ စိတ်အနည်းငယ်ဖြေသာသည်။
ကျွန်တော့်ကိုဘာမှမမေးဖို့မီဒီယာတွေကိုကန့်သတ်ထားတဲ့ယောက္ခထီးကိုအများကြီးကျေးဇူးတင်မိပါသည်။မဟုတ်ရင်ဘာတွေမေးလာကြမှန်းမသိနိုင်ဘူး
.
.
.
.
ဒီကအပြန် Pre Wedding ရိုက်ဖို့ရှိတာမို့ သူနဲ့ကျွန်တော်ရယ်အထိန်းတော်အစ်ကိုနှစ်ယောက်ရယ်သာကားနှစ်စီးနဲ့ချိန်းထားတဲ့နေရာကိုသွားရသည်။Outdoor Shooting ဖြစ်နေတာမို့သူရောကျွန်တော်ပါ ချယ်ရီပင်တွေကြားမှာအလှဆုံးဓာတ်ပုံလေးတွေကိုပုံဖော်မိသည်။ကျွန်တော့်ကိုတည့်တည့်ကြည့်နေတဲ့သူ့မျက်ဝန်းတွေကိုလွန်ဆန်ဖို့မဖြစ်နိုင်ခဲ့တဲ့အထိသူ့ရဲ့အကြည့်တွေကြားနစ်မြောခဲ့ရသည်ထင်
နေရာစုံအောင်သေသေချာချာရိုက်ပြီးနန်းတော်ပြန်ရမယ့်အချိန်ရောက်နေပြီဖြစ်သည်။အဝတ်လဲခန်းထဲဝင်လာတဲ့သူက အင်္ကျီတောင်လှဲနှင့်ပြီးပြီ
"ဟျွန်း...မောင်တို့အပြင်သွားကြရအောင်"
"ဗျာ..ဘယ်ကို"
"ရှူးတိုးတိုး လာ မောင့်နောက်လိုက်ခဲ့"
အဝတ်လဲပြီးခါစ ကျွန်တော့်ကိုဆွဲခေါ်သွားတာက အဝတ်ခန်းရဲ့နောက်ဘက်

YOU ARE READING
ANONYMOUS
FanfictionWill you and my love be under the heading of anonymity? 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗣𝗿𝗲𝘀𝗲𝗻𝘁 𝗙𝗼𝗿 𝗠𝘆 𝗕𝗲𝘀𝘁 𝗙𝗿𝗶𝗲𝗻𝗱 𝘼𝙚𝙧𝙞𝙆𝙯𝙩