Unicode
"ဟျွန်း..."
ဘတ်ခ်ဟျွန်းအင်္ကျီလဲနေရင်းကနေ လှမ်းခေါ်သံကြားလို့အဝတ်လဲခန်းထဲကထွက်လာတော့ အိပ်ယာပေါ်မှာမထသေးပဲ မျက်လုံးလေးတွေကိုပွတ်နေတဲ့မောင့်ကိုတွေ့သည်
"မောင် ထတော့လေ..."
"......"
"ကိုယ်ပူနေသေးလား ပြဦး"
ကုတင်ဘေးနားလေးရောက်လာတဲ့ဘတ်ခ်ဟျွန်းဆီကိုနဖူးလေးထိုးပေးလာတဲ့မောင်ကဘတ်ခ်ဟျွန်းစကားတွေကိုဆိုနားထောင်တတ်သည်
ဘတ်ခ်ဟျွန်းမောင့်နဖူးတွေကိုစမ်းလိုက်တော့ ကိုယ်နွေးနွေးကျန်နေသေးတာမို့
"နည်းနည်းပူနေသေးတယ်...မနက်စာစားပြီးတာနဲ့ ဆေးတစ်ခွက်သောက်အုံးနော်"
"အင်း..."
"မောင်စားဖိုဆောင်ကလက်ရာတွေခုတလောမစားချင်ဘူးဆိုလို့ ဒီနေ့ ကျွန်တော်ကိုယ်တိုင်ချက်ပေးမယ်နော် အဲ့တာကြောင့်ဒီနေ့ထမင်းလေးတော့ဝင်အောင်စားရမယ်နော်"
ခေါင်းလေးငြိမ့်ပြတဲ့မောင့်ကိုကြည့်ရင်းဘတ်ခ်ဟျွန်းပြုံးပြလိုက်သည်။
"ဟျွန်း..."
"ဗျ"
"မနက်တွေဆို မောင့်အနားကနေ မပြောမဆိုနဲ့ထွက်မသွားပါနဲ့...ဟျွန်းပျောက်သွားပြီထင်လို့ လန့်လန့်သွားရတာဘယ်လောက်ဆိုးတဲ့ဒုက္ခမှတ်လဲ"
"ကျွန်တော်က ဒီနန်းတော်ဝန်းကြီးထဲကနေ ဘယ်ကိုထွက်သွားမှာမလို့လဲမောင်ရယ်...ပြီးတော့ ကျွန်တော်က အခန်းထဲမှာပဲရှိတာပါ"
"အင်းပါ မောင်ကစိတ်ပူလို့"
"မောင် ဒါနဲ့လေ ပင်မဆောင်ကြီးမှာ နေရတာပျင်းလာပြီ အိမ်စွယ်ကြီးဆီသွားရအောင်"
"မသွားပါနဲ့ဟျွန်းရယ် အိမ်စွယ်က ပင်မဆောင်နဲ့အဝေးကြီးသွားရမှာ ပြီးတော့ အဲ့မှာကထွေထွေထူးထူးဘာမှရှိတာလဲမဟုတ်ပဲနဲ့ ပြီးတော့ မောင်လဲနေမှမကောင်းသေးတာ"
"ဟုတ်ပါပြီ မောင်မသွားနဲ့ဆိုတော့လဲ မသွားတော့ပါဘူး "
"လာဦး ဒီကို"

YOU ARE READING
ANONYMOUS
FanfictionWill you and my love be under the heading of anonymity? 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗣𝗿𝗲𝘀𝗲𝗻𝘁 𝗙𝗼𝗿 𝗠𝘆 𝗕𝗲𝘀𝘁 𝗙𝗿𝗶𝗲𝗻𝗱 𝘼𝙚𝙧𝙞𝙆𝙯𝙩