{15}

607 112 10
                                    

Unicode

"ဟျွန်း..."

မောင့်ခေါ်သံကြောင့် ကျွန်တော်အဝတ်လဲခန်းထဲကနေအိပ်ခန်းထဲပြန်ဝင်လာလိုက်သည်

"ဘာဖြစ်...သွေးတွေ...မောင်ရယ်ဆက်မလုပ်ပါနဲ့လို့ပြောထားတာကိုဗျာ"

ဘတ်ခ်ဟျွန်းကစာကြိုးစားဖို့ပြောကတည်းက မောင်ကနေ့နေ့ညညစာတွေဖတ်ခဲ့သည်။

မောင့်ရဲ့ကြိုးစားမှုတွေက အရာထင်သည်ဆိုရမည်။အခုဆိုသင်သမျှဆရာတိုင်းကမောင့်ကိုတော်လာတယ်လို့ချီးကျူးကြသည်

"မောင်!စာဆက်မလုပ်နဲ့တော့"

"ခဏနေပြီးတော့မှာ"

နှာခေါင်းသွေးတွေကျလာတာကိုတောင်မောင်ကပေတေနေသေးသည်။

"ဟျွန်းအတွက် မောင်ကကြိုးစားနေတာလေ...မောင့်ကိုအဲ့လိုကြီးမကြည့်ပါနဲ့လား"

"အဲ့လိုကြီးမကြည့်စေချင်ရင် အပြင်းအထန်တွေမလုပ်နဲ့လေမောင်ရယ်...တော်ရုံသင့်ရုံပဲလုပ်ပါ"

ဘတ်ခ်ဟျွန်း စားပွဲပေါ်က တစ်ရှူးဗူးလေးယူပြီးမောင့်သွေးတွေကိုသုတ်ပေးနေလိုက်သည်

"မောင့်အချစ်က မောင့်ကိုဘုရင်မဖြစ်လို့ထားသွားရင်မောင်ပဲရင်ကျိုးရမှာဗျ"

"မောင့်ကို ကျွန်တော်ကဘာကိစ္စထားခဲ့ရမှာလဲ..."

မောင့်မျက်ဝန်းတွေကိုကြည့်ပြီးပြောတော့

"မသိဘူး အဲ့လိုတကယ်သာထားခဲ့ရင် မောင်လုပ်မိလုပ်ရာတွေလုပ်မိမှာကျိန်းသေတယ်"

"ကျွန်တော်ကမောင့်အနားကိုမရမကပြန်လာမှာပေါ့...ဘာလို့အဲ့လိုတွေလျှောက်လုပ်မှာလဲ"

"မောင့်အချစ်ဆုံးကပြန်မလာလောက်ပါဘူး...မောင်ကပဲမင်းကိုလိုက်ရှာရမယ်ထင်တယ်"

"မောင်..."

မောင့်ပါးလေးကိုခပ်ဖွဖွပွတ်ရင်းခေါ်တော့ မောင်က ကျွန်တော့်မျက်လုံးတွေကိုစိုက်ကြည့်လာသည်

"မောင်သိပါတယ်...မင်းမောင့်ကိုမယုံဘူးဆိုတာ"

"ယုံတာပေါ့မောင်ရယ်...ကျွန်တော်က ဒီနန်းတော်ကြီးတစ်ခုလုံးမှာ မောင့်ကိုအယုံဆုံး...မောင့်မျက်နှာတစ်ကမ္ဘာလုပ်ပြီး ကျွန်တော်ဒီမှာနေနေရတာ...မောင်က ကျွန်တော့်တရားဝင်အမျိုးသား...ပြီးတော့ ကျွန်တော်ယုံကြည်ရတဲ့လူ...ကျွန်တော်ကမောင့်ကိုမယုံရင်အခြားဘယ်သူကိုယုံရမှာလဲ"

ANONYMOUS Where stories live. Discover now