{9}

654 132 14
                                    

Unicode

"ပြန်ချင်ပြီလား ဟျွန်း..."

ဘတ်ခ်ဟျွန်းခေါင်းလေးငြိမ့်ပြလိုက်တော့ မောင်​က မွေးနေ့ရှင်ကိုနှုတ်ဆက်ကာပြန်တော့မည့်အကြောင်းပြောသည်

"လာ ပြန်ကြမယ်"

ဘတ်ခ်ဟျွန်းလက်ကလေးကိုင်ကာ ပွဲထဲကနေထွက်လာလိုက်သည်။ကားတံခါးလေးကိုဖွင့်ပေးပြီးဘတ်ခ်ဟျွန်းကိုအရင်ကားပေါ်တက်စေလိုက်တဲ့မောင်

"ဟျွန်း..."

"ဗျာ..."

"ကိုယ်ဝယ်စရာလေးရှိလို့လိုက်ခဲ့ဦးနော်"

"အွန်းပါမောင်ရဲ့..."

ဘတ်ခ်ဟျွန်းလက်ကလေးကိုယူပြီး သူ့နှုတ်ခမ်းတွေနဲ့ဖိကပ်လိုက်တဲ့မောင်ကိုကြည့်ရင်း ဘတ်ခ်ဟျွန်းပြုံးလိုက်သည်။

"မောင့်ဟျွန်းနီးလေးကရော ဘာလိုချင်လဲ"

"လိုချင်တာရှိတော့ရှိတယ် ...ဒါပေမယ့်..."

"ဒါပေမယ့် ဘာဖြစ်လဲဟျွန်း..."

"ဒါပေမယ့် မောင့်ကိုပြောရမှာအားနာလို့"

"ပြောပါဟျွန်းရဲ့ မောင်ဖြည့်စည်းပေးမှာပေါ့ ဟျွန်းရဲ့မောင်က အိမ်ရှေ့စံနော် ဘာမဆိုဖြစ်နိုင်တယ်သိရဲ့လား ဟျွန်းအတွက်ဆို ဟန်​မြစ်ကရေတွေတောင်ဖောက်ထုတ်ပစ်နိုင်တယ်"

မောင့်စကားကြောင့်ဘတ်ခ်ဟျွန်းရယ်လိုက်မိသည်

"မောင်ရယ် ကျွန်တော်ကဟန်မြစ်ကရေတွေတော့မဖောက်ထုတ်ခိုင်းပါဘူးဗျ...ကျွန်တော်နဲ့မောင်ကရိုးရာပုံစံနဲ့မင်္ဂလာဆောင်ခဲ့ရတာဆိုတော့ လက်ထပ်လက်စွပ်တို့စေ့စပ်လက်စွပ်တို့မရှိဘူးမလား..အဲ့တာလေးအတူတူဝတ်ကြရအောင်လေ နော်"

"*မောင်ရယ်ဟျွန်းကိုဒါလေးဝယ်ပေးပါ*လို့သာပြောပြီးပါးကိုတစ်ချက်နမ်းလိုက် ဟျွန်းလိုချင်တဲ့ဆင်တူလက်စွပ်ကို မောင်ကခုချက်ချင်းဝယ်ပေးမယ်"

ကလေးမုန့်ပေးကြိုက်တဲ့အထာတွေက မောင့်နဲ့သူ့ထက်ကြီးတဲ့​ကျွန်တော်ကြားမှာအဲ့လောက်အသုံးဝင်မှန်းမသိခဲ့

ပါးကြီးထိုးပေးလာတဲ့မောင့်ဆီတိုးသွားလိုက်ရင်း မောင့်လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။

ANONYMOUS Where stories live. Discover now