အပိုင်း(၁) both unicode and zawgyi

36.9K 602 7
                                    

ဒီနေ့ကျောင်းစဖွင့်တဲ့နေ့ ကားပါကင်ထိုးပြီး လမ်းလျှောက်လာတုန်း

"တောင်းပန်ပါတယ် အကိုရယ် ညီမ မမြင်လိုက်မိလို့"

ကောင်မလေးတစ်ယောက်နေမင်းကိုဝင်တိုက်ခြင်း

"ရတယ်"ဆိုပြီးထွက်သွားမည်အလုပ်

"အကိုညီမကိုမသိဘူးလား ညီမတို့ ပထမနှစ်ကတည်းက တစ်နှစ်ထဲတစ်ခန်းထဲလေ အခုတိုက်မိတာကိုတောင်းပန်တဲ့အနေနဲ့ တစ်ခုခုလိုက်ကျွေးမယ်လေ အတန်းမစခင်လေး"
နေမင်းတွေးမိတာက ဒီနှစ်လည်း အရှုပ်ထုတ်တွေကစလာပြန်ပြီ တစ်ခါတည်းပထုတ်မှရမယ်
"မလိုပါဘူး ပြီးတော့မင်းကိုလည်းငါမသိဘူး။ စိတ်လည်းမဝင်စားဘူး ။ကိုယ့်လမ်းကိုသွား"
လို့ပြောပြီး ထွက်လာခဲ့တယ်။

အခန်းထဲရောက်တော့တွေ့ပါပြီ ကျွန်တော့်အခင်ဆုံးသူငယ်ချင်း 'ဇွဲသက်တန့်'။အဲ့ကောင်က ဘဲရှိလူတန်းစားဗျ ။သူ့ပိုင်ရှင်နဲ့သူ။

"ဟျောင့် သက်တန့် ငါကမင်းမရောက်သေးဘူးထင်နေတာ။မင်းကအခန်းထဲတောင်ရောက်နေပါလား။"

"အေးဟုတ်တယ်စိတ်ညစ်နေတာနဲ့အိမ်ကစောထွက်လာတာ"

"မင်းကလည်း အခုမှကျောင်းပြန်စဖွင့်တဲ့နေ့ကိုဘာတွေဖြစ်နေတာတုန်း"

"ဘာဖြစ်ရမှာလဲကွာ မနေ့ညကမင်းနဲ့ဖုန်းပြောတာကြာသွားတာကို ကိုလင်းကငါ့ကိုလာရစ်ပြီးအဲ့လောက်ပြောနေရအောင် မင်းကငါ့ရည်းစားလား ဘာလားဆိုပြီးစိတ်ဆိုးသွားတာကွာ ငါဖုန်းဆက်တာလည်းမကိုင်ဘူး အဲ့တာညစ်နေတာ"

"အော်လက်စသတ်တော့မင်းလူကြောင့်ညစ်နေတာကို။ ဟျောင့်ညစ်မနေနဲ့ ပထမဆုံးနေ့ကတည်းက ကျက်သရေမရှိ"

"အေးပါကွာဒါပေမဲ့ ငါအတန်းမတက်ချင်ဘူးကွာ ပထမဆုံးနေ့စာသင်တာလည်းမဟုတ်ဘူး ။အဲ့တော့ငါlibraryသွားလိုက်အုံးမယ်။အတန်းပြီးရင်မင်းငါ့ကိုlibraryလာခေါ်လိုက်"

"အေးကွာသွား"

"အော်ဒါနဲ့ နေမင်း မင်းပထမဆုံးနေ့ကတည်းကချေလိုက်တာ တစ်ယောက်ငိုသွားတယ်နော်မင်းသိလား"

"အမ်ဘယ်ကဟာလည်း မနက်ကဝင်တိုက်တဲ့တစ်ယောက်လား"

"အေးဟုတ်တယ် ။သူ သူ့ သူငယ်ချင်းတွေကိုပြောပြပြီးငိုနေတာငါကြားလိုက်တယ်။အဲ့တစ်ယောက်ကမင်းကို ပထမနှစ်ကတည်းက crushလာတာကွ။အဲ့တာဒီနေ့မှမင်းနဲ့ရင်းနှီးအောင်ကြိုးစားချင်လို့ဆိုပြီးအဲ့လိုလုပ်တာကိုမင်းကချေလိုက်တော့ခံစားသွားရတာပေါ့ကွာ။ဒါနဲ့ မင်းလည်း သိပ်ချေမနေနဲ့ မင်းတကယ်ချစ်တဲ့သူနဲ့မှခံစားနေရမယ်"

မင်းနဲ့မှWhere stories live. Discover now