အပိုင်း(၁၅)both unicode and zawgyi

7.1K 250 3
                                    

Welcomeမတိုင်မီ တစ်ပတ်အလို

နောက်တစ်ပတ်ဆို fresher welcome လေ ။ မိုးအေးက အဲ့လိုပွဲတွေတက်ရတာသိပ်သဘောမကျတော့  welcomeလည်းသွားဖြစ်ချင်မှသွားဖြစ်မှာ မသေချာသေးဘူး။

စုပြည့်ကတော့ သူက Queen selection ထဲပါတော့ တက်မှာအသေအချာပင်။ ပန်းကလည်း မိုးအေးလိုပဲ မသေချာမရေရာပဲ။

Test 1ပြီးကတည်းက ကိုနေမင်းထွဋ်ခေါင်နဲ့ ကိုသက်တန့်နဲ့က မိုးအေးတို့နဲ့အတူ အမြဲနေ့လည်စာ လာစားကြတယ်။သူတို့လာစားတော့လည်း လူအများတော့ဆိုတော့ စကားပြောကြစားကြနဲ့ ပျော်ဖို့တော့ကောင်းသား။ အဲ့အစ်ကိုနှစ်ယောက်က တကယ်သရုပ်ဆောင်ကောင်းချက်ပဲ။ပန်းတို့စုပြည့်တို့ရှေ့မှာ သူတို့ကတကယ့်ဒီတိုင်းသူငယ်ချင်းအတိုင်းပဲ အရင်က မိုးအေးရှေ့မှာ လာroပြခဲ့တဲ့ အတွဲမဟုတ်သလိုပဲ။

Lunch Time၌

"မိုးအေး နဲ့ ပန်း နင်တို့ welcomeတက်ဖြစ်မတက်ဖြစ် ဘယ်လိုလဲ။ နင်တို့ကလည်း ငါ queenအရွေးခံရမဲ့ထဲပါတဲ့ဟာကို လာအားပေးရင်းတက်ကြပါလား"

"ရွှန်း ရွှန်းက welcomeမတက်ဘူးလား ဘာလို့လဲ"

^^နေမင်းတစ်ယောက် ရွှန်းအတွက်သီချင်းသေချာရွေးထားပါတယ်ဆိုမှ သူကမတက်လို့တော့မဖြစ်ပေ။ မတက် တက်အောင်ခေါ်ရမည်^^

"အင်း မတက်ဖြစ်ဖို့များမယ်ထင်တယ် မိုးအေးက အဲ့လိုပွဲတွေမတက်တာများတယ်"

"ဒါပေမဲ့လည်း ရွှန်းရယ် First yearမှာပဲ welcomeရဲ့ feelကပိုရတာ တက်ပါလား
ပြီးတော့ မိုးအေးသူငယ်ချင်းကလည်း queen selection ထဲပါတယ်လေ ပြီးတော့...ကိုယ်လည်သီချင်းဆိုအုံးမှာဆိုတော့ လာအားပေးပါ့လား "

"ဟုတ် မသိသေးပါဘူး အကိုရယ်"

"ဟာ မိုးအေးကလည်း မသိသေးဘူးတွေဘာတွေလုပ်မနေနဲ့ ကိုနေမင်းပြောတာဟုတ်တယ်
တက်လိုက်စမ်းပါ ပန်းနင်ရော"

"ငါက တက်ဖြစ်တယ် အစက 'မ' အားရင် welcomeမတက်ပဲ 'မ'နဲ့သွားdateမလို့ ဒါပေမဲ့ 'မ'က အဲ့နေ့အလုပ်ရှိတယ်တဲ့ အဲ့တော့ ငါ welcome တက်ဖြစ်သွားရော"

"တွေ့လား ပန်း တောင် လာမှာ မိုးအေး လာလိုက်တော့ နော်....နော်😣.."

မင်းနဲ့မှDonde viven las historias. Descúbrelo ahora